Connect with us

Hi, what are you looking for?

News

ချောင်းဦး-ရေစကြို-ပခုက္ကူလမ်းပိုင်းတွင် စစ်တပ်ကားတစ်စီး တိုက်ခိုက်ခံရ

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်ဟု ဆို သည်။

People's Spring
People's Spring

ချောင်းဦး-ရေစကြို-ပခုက္ကူ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်မှ ကားတစ်စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Northern – Yesagyo ပြောက်ကျားတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၆)ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၅)က ချောင်းဦး-ရေစကြို-ပခုက္ကူလမ်းပေါ် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ဖောကားတစ်စီးကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်တပ်ယာဥ်နှင့်အတူ လူမှုကူညီရေးကားတစ်စီးကပ်ပါလာပြီး ထိုကားပေါ်တွင် ပြည်သူတစ်ဦးပါသည်ဟု သိရဖြင့် ရှောင်ရှားတိုက်ခိုက်ခဲ့ရကြောင်း N-YSO ပြောက်ကျား တပ်က အသိပေးသည်။

“လူမှု့ကူညီရေးကားပေါ်တွင် ပြည်သူတစ်ဦးပါသည်ဟု ကြားသိရသဖြင့် ရှောင်ရှားကား ခွေးအပြည့်ပါသော ဖော်ကားအဖြူရောင်အား မိုင်းပဒေသာ အတွဲလိုက်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်ဟု ဆို သည်။

အထက်ပါတိုက်ခိုက်မှုကို Northern-Yesagyo ပြောက်ကျားတပ်နှင့် ငဘဒေသကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။