Connect with us

Hi, what are you looking for?

News

ဖက်ဒရယ်ဒီမိုကရေစီလိုလားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SSPP ထုတ်ပြန်

SSPP ၏ ၂၀၂၁ တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကို ဇန်နဝါရီ ၂၉ရက်မှ ဖေဖော်ဝါရီ ၂၅ရက်အထိကျင်းပခဲ့ရာ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီလိုလားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ယနေ့ ထုတ်ပြန်လိုက်သည်။

SSPP ၏ ၂၀၂၁ တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကို ဇန်နဝါရီ ၂၉ရက်မှ ဖေဖော်ဝါရီ ၂၅ရက်အထိကျင်းပခဲ့ရာ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

လက်ရှိ ဖြစ်ပွားလျက်ရှိသည့် မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းမှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းသာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ ဘုံနိုင်ငံရေးရည်မှန်းချက် ပန်းတိုင်အဖြစ် သံဓိဌာန်ချမှတ်ထားမှသာလျင် စည်းလုံးညီညွတ်သော ပြည်ထောင်စုခရီး ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း SSPPက ဆိုသည်။

ထို့ကြောင့် ပြည်တွင်းစည်းလုံးညီညွတ်ရေးသည် မရှိမဖြစ်လိုအပ်လာပြီဖြစ်၍ ပြည်ထောင်စုအတွင်းရှိ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားသော အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေ တစ်ရပ်ဖြစ်အောင်ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

SSPPသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယခု ကြေညာချက်တွင် ရှမ်းတပ်အချင်းချင်း တိုက်ပွဲမဖြစ်ပွားရေးနှင့် သက်ဆိုင်သည့် အချက်များ သီးခြားဖော်ပြထားမှုမရှိပေ။

SSPP ထုတ်ပြန်ကြေညာချက်၌ မူးယစ်ဆေးဝါး ပပျောက်ရေးကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သကဲ့သို့ ပြည်သူလူထု အကျိုးပြုသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ပို၍ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။