Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖက်ဒရယ်ဒီမိုကရေစီလိုလားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SSPP ထုတ်ပြန်

SSPP ၏ ၂၀၂၁ တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကို ဇန်နဝါရီ ၂၉ရက်မှ ဖေဖော်ဝါရီ ၂၅ရက်အထိကျင်းပခဲ့ရာ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီလိုလားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ယနေ့ ထုတ်ပြန်လိုက်သည်။

SSPP ၏ ၂၀၂၁ တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကို ဇန်နဝါရီ ၂၉ရက်မှ ဖေဖော်ဝါရီ ၂၅ရက်အထိကျင်းပခဲ့ရာ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

လက်ရှိ ဖြစ်ပွားလျက်ရှိသည့် မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းမှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းသာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ ဘုံနိုင်ငံရေးရည်မှန်းချက် ပန်းတိုင်အဖြစ် သံဓိဌာန်ချမှတ်ထားမှသာလျင် စည်းလုံးညီညွတ်သော ပြည်ထောင်စုခရီး ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း SSPPက ဆိုသည်။

ထို့ကြောင့် ပြည်တွင်းစည်းလုံးညီညွတ်ရေးသည် မရှိမဖြစ်လိုအပ်လာပြီဖြစ်၍ ပြည်ထောင်စုအတွင်းရှိ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားသော အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေ တစ်ရပ်ဖြစ်အောင်ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

SSPPသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယခု ကြေညာချက်တွင် ရှမ်းတပ်အချင်းချင်း တိုက်ပွဲမဖြစ်ပွားရေးနှင့် သက်ဆိုင်သည့် အချက်များ သီးခြားဖော်ပြထားမှုမရှိပေ။

SSPP ထုတ်ပြန်ကြေညာချက်၌ မူးယစ်ဆေးဝါး ပပျောက်ရေးကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သကဲ့သို့ ပြည်သူလူထု အကျိုးပြုသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ပို၍ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

မေးမြန်းခန်း

ရှမ်းတောင် ပအိုဝ်းဒေသ လတ်တလော တိုက်ပွဲတွေမှာ SSPP တပ်ပါဝင်မှု ရှိမရှိ အခြေအနေတွေနဲ့ SSPP ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိမလဲ ဆိုတာတွေကို SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်း အစိုးရကတော့ အမေရိကန်ဆီက ခိုင်မာအားကောင်းတဲ့ အထောက်အပံ့တွေ ဆက်ပြီး မရရှိနိုင်ဘူးဆိုရင် ကျူးကျော်သူ ရုရှားကို ရင်ဆိုင် ခုခံရတဲ့ စစ်ပွဲမှာ ရှုံးနိမ့်သွားနိုင်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

သတင်း

SSPPနှင့် RCSS တို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုလည်း အလွန်နည်းပါးခဲ့သည်။