Connect with us

Hi, what are you looking for?

သတင်း

ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်လို့ ရှမ်းတပ် SSPP ထုတ်ပြန်

နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့လုံခြုံမှုရှိစေရေးတို့အတွက် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့နဲ့ ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်းပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားဖို့ ဆုံးဖြတ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ကြေညာပါတယ်။

(SSPP ရဲ့ လပတ် ၊ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးပြုလုပ်နေစဉ်။ ဓာတ်ပုံ − SSPP Info)

ဇူလိုင် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့လုံခြုံမှုရှိစေရေးတို့အတွက် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့နဲ့ ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်းပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားဖို့ ဆုံးဖြတ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ကြေညာပါတယ်။

ဇူလိုင် ၅ရက်ကနေ ၁၂ရက်အထိ SSPP ဗဟိုဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးအပြီး ကြေညာချက်မှာ အခုလို အသိပေးခဲ့တာပါ။ SSPP ဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲကြီးကြီးမားမားမရှိ၊ အာဏာသိမ်းစစ်တပ် နဲ့ ထိတွေ့ဆွေးနွေးဆက်ဆံနေတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖြစ်ပြီး အရင်နှစ်တွေက သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေးနည်းအရ အဖြေရှာမယ်ဆိုတဲ့ မူဝါဒကို ထပ်မံ အသိပေး လာတာလည်းဖြစ်ပါတယ်။

SSPP ရဲ့ အစည်းအဝေးမှာ ပါတီလုပ်ငန်းဆိုင်ရာ၊ နိုင်ငံရေး ဆိုင်ရာ၊ စစ်ရေးဆိုင်ရာ ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စတာတွေ ဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ ဒီလို ရှေ့လုပ်ငန်းစဉ်ချမှတ်ရာမှာ SSPPအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ အချိန်နဲ့တပြေးညီ လက်တွေ့ကျကျ ဖြည့်ဆည်းဖို့ မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ဖို့၊ နယ်မြေအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ဆက်စပ်ရာဇဝတ်မှုတွေ မရှိစေရေး ကြပ်မတ်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာလည်း SSPP နဲ့ ဆွေးနွေးနေတဲ့ စစ်ကောင်စီက SSPP ဟာ မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်တယ်ဆိုတဲ့စွပ်စွဲထုတ်ပြန်ချက်တွေ မကြာခဏပြုလုပ်ခဲ့ရာ အဲဒီလို စွပ်စွဲမှုတွေ ကြုံရတဲ့အခါ SSPP အနေနဲ့လည်း ပတ်သက်မှုမရှိ၊နိုင်ငံရေးလုပ်ကြံမှု ဆိုပြီး စစ်ကောင်စီကို တုန့်ပြန်တာမျိုးရှိခဲ့ပါတယ်။

SSPP နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးချက်စက်ရုံတွေ ဖမ်းမိတာ၊ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ဖမ်းမိတာ ရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပြီး အဲဒီလိုဖမ်းမိရာမှာSSPPတပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်းဖော်ပြထားတာတွေရှိခဲ့ပါတယ်။SSPP ဘက်ကတော့ စစ်တပ်ရဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး တုန့်ပြန်တဲ့ ကြေညာချက်တွေထုတ်ပြန်ခဲ့ရာ အခုနှစ် ဇန်နဝါရီလ SSPP ကြေညာချက်မှာတော့ တရားမဝင်လုပ်ငန်းတွေနဲ့ မပတ်သက်ဟု ငြင်းဆိုခဲ့သလို ၂၀၂၅ နှစ်ကုန်ပိုင်း ကြေညာချက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမရှိရေး ကြပ်မတ်မယ်လို့ အသိပေးထားပါတယ်။ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံမူးယစ်/ရဲတပ်ဖွဲမှ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ အဖွဲဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု ရှိကြောင်း ထုတ်ပြန်မှုဟာ နိုင်ငံရေးဂုဏ်သိက္ခာကျစေလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SSPPက တုံ့ပြန်ခဲ့ပါတယ်။

ဒီလို စွပ်စွဲမှုတွေကြောင့်နှစ်ဖက်အကြား တင်းမာသယောင်ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ဇွန်လ ဒုတိယပတ်မှာ SSPP ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင်ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်အုပ်စုက ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် တို့ပါဝင်တဲ့ အဖွဲ့တို့ဟာ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ SSPPက နိုင်ငံရေးပြဿနာ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ အပါအဝင်အချက် ၇ချက်ဆွေးနွေးခဲ့သလို စစ်တပ်ဘက်ကလည်း လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ ပြန်လည်ဆွေးနွေးခဲ့တာရှိပါတယ်။

ယခု SSPP ထုတ်ပြန်ချက်မှာပါတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပြဿနာ နိုင်ငံရေးအရ အဖြေရှာမယ်ဆိုတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး စစ်တပ်အပြင် တော်လှန်ရေးတပ်တွေကိုပါ ရည်ညွှန်းတာမျိုးရှိမရှိ မေးမြန်းဖို့ SSPP တာဝန်ရှိသူအချို့ထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာအနီးက စစ်တပ်လက်အောက်ခံ SNAတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ရဲဘော်တွေ ပါဝင်တိုက်ခိုက်တယ်ဆိုတဲ့ ရေးသားချက်တွေဟာ အတည်ပြုမရကြောင်း SSPP တပ်မှူးတဦးက ပြောပါတယ်။