Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ​ဒေါက်တာမြင့်နိုင် ထောင်ဒဏ် ၂၁နှစ်ချခံရ

စစ်တပ်က နိုင်ငံတော်အာဏာလုယူပြီးနောက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (ခ)နှင့် အဂတိမှုခုနှစ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

ဝန်ကြီးချုပ်အတွက် လက်တုံ့ပြန်မည်ဟု စစ်ကိုင်းအ​ခြေစိုက် PDF ​ပြော

အဂတိမှု ခုနှစ်မှုဖြင့် မတရားဖမ်းဆီးတရားစွဲဆိုခံထားရသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ်ချမှတ်လိုက်သည်။

မုံရွာအကျဥ်းထောင်တွင် ထိန်းသိမ်းခံထားရသည့်ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို ထောင်တွင်းအထူးတရားရုံးက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) အမိန့်ချလိုက်ခြင်းဖြစ် သည်။

“ဆရာ(ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်) စစ်ကောင်စီရဲ့ မတရားရုံးက ကျွန်တော်တို့ ဝန်ကြီးချုပ်ကို အမှုခုနှစ်မှုအတွက် တစ်မှုကို သုံးနှစ်နဲ့ စုစုပေါင်း ထောင်ဒဏ်၂၁နှစ် ဒီနေ့ အမိန့်ချခံရပါတယ်”ဟု စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်က နိုင်ငံတော်အာဏာလုယူပြီးနောက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (ခ)နှင့် အဂတိမှုခုနှစ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

‌ပုဒ်မ ၅၀၅ (ခ)အမှုကို ၂၀၂၁ ဒီဇင်ဘာ ၂၀ရက်တွင် ထာင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ပြီး အဂတိမှုခုနှစ်မှုကို ယနေ့ စုပေါင်းအမိန့်ချခြင်းဖြစ်သည်။

‌ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် စစ်ကောင်စီအားလက်တုံ့ပြန်မည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

‌”မတရားမှန်း သိသိကြီးနဲ့ အမိန့်ချတဲ့တရားသူကြီးလည်း တစ်ကျော့ပြန်ခံရမှာပါ။ ပြည်သူတွေ၊နိုင်ငံရေးသမားတွေ မလုံခြုံသလို စစ်ကောင်စီဒေါက်တိုင်တွေလည်း နောက် ကျောမလုံစေရပါဘူး။ အာဏာရှင်အမြစ်ပြတ်တဲ့အထိ တိုက်မှာ”ဟု စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၅၀)နှစ်ပြည့်အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။