Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့စွဲချက်တင်

ဦးဖြိုးမင်းသိန်းဟာ ဝန်ကြီးချုပ်တာဝန်ယူချိန် ရန်ကုန်တိုင်းထဲက ဆောင်ရွက်ချက်တွေကို ထောက်ခံပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့တယ်လို့ ထွက်ဆိုထားတာပါ။

◾️ ဦးဖြိုးမင်းသိန်းတို့ ဇနီးမောင်နှံအပါအဝင် သက်သေ ၄ ဦးကို ပြန်ခေါ်သက်သေအဖြစ် ပြန်စစ်မယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံက ရွှေချောင်းနဲ့ ဒေါ်လာတွေ လက်ခံတယ်ဆိုပြီး အဂတိမှုနဲ့ တရားရုံးက ဒီနေ့မှာ စွဲချက်တင်လိုက်ပါတယ်။

စွဲချက်တင်ခံရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မှာအပြစ်မရှိကြောင်း တရားရုံးကိုပြောခဲ့ပါတယ်။

ဒါအပြင် စွပ်စွဲခံရတဲ့အမှုအတွက် ဦးဖြိုးမင်းသိန်း ၊ ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်အပါအဝင် ၄ ဦးကို ပြန်ခေါ်သက်သေအဖြစ် ပြန်စစ်ဆေးဖို့အတွက် တရားရုံးကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဦးဖြိုးမင်းသိန်းဟာ ဝန်ကြီးချုပ်တာဝန်ယူချိန် ရန်ကုန်တိုင်းထဲက ဆောင်ရွက်ချက်တွေကို ထောက်ခံပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့တယ်လို့ ထွက်ဆိုထားတာပါ။

ဒီလို ထွက်ဆိုထားတဲ့ ရုပ်သံဖိုင်ကို စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ပြသလို နေပြည်တော်က တရားခွင်မှာ လည်း ဦးဖြိုးမင်းသိန်းက အဲဒီ ရုပ်သံဖိုင်ထဲက အတိုင်းထွက်ဆိုထားခဲ့ပါတယ်။

ဒေါ်ခင်မိမိကြွယ်ဟာလည်း သူရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေတွေပြင်ဆင်ပေးခဲ့ရတယ်လို့ တရားခွင်မှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုထားတာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဖြိုးမင်းသိန်း တရားခွင်မှာ ထွက်ဆိုချိန်ကတည်းက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကို ပြောပြခဲ့တာရှိပါတယ်။

ဒါပေမယ့် ဦးဖြိုးမင်းသိန်းရဲ့ စွပ်စွဲချက် နဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မ နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

အဲဒီနောက် ဒီနေ့မှာတော့ အဲဒီပုဒ်မနဲ့ပဲစွဲချက်တင်လိုက်တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။