Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်ရဲစခန်းကို PDF ဝင်တိုက်ခိုက်၊ ​သေဆုံးမှုရှိနိုင်ဟု ဒီပဲယင်း(ပကဖ)​ပြော

“အကြမ်းဖက်စစ်ခွေး အများအပြား ထိခိုက်သေဆုံးနိုင်သည်။ ( လုံးဝကို အသေအပျောက်ရှိနိုင်ပါသည်။)”ဟု ဒီပဲယင်း(ပကဖ)က ဆိုသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ မတ်လ ၁ ရက် ည ၉နာရီခန့်က ဖြစ်ပွားခဲ့ကာ ရဲစခန်းဝန်းအတွင်း ကျကွဲမိုင်းခုနှစ်လုံးဖြင့် ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

“အကြမ်းဖက်စစ်ခွေး အများအပြား ထိခိုက်သေဆုံးနိုင်သည်။ ( လုံးဝကို အသေအပျောက်ရှိနိုင်ပါသည်။)”ဟု ဒီပဲယင်း(ပကဖ)က ဆိုသည်။

“မြေကြီးတွေကို တုန်ခါသွားတာ နှစ်ကြိမ်လောက်ရှိတယ်။ပြီးမှ သေနတ်သံတွေ ဆက် တိုက်ထွက်လာတာ ၁၅ မိနစ်လောက်တော့ ကြာတယ်”ဟု ဒီပဲယင်းမြို့ ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ကောင်းကင် ၊စွယ် တော် နှင့် ဇာမဏီ မဟာမိတ် (၃) ဖွဲ့ သည် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ဒီပဲယင်း(ပကဖ) က အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မြို့ပေါ် ရဲစခန်း တိုက်ခိုက်ခံရသည့်အတွက် ဒီပဲယင်းမြို့ ဒေသခံများအနေဖြင့် ယနေ့(မတ်လ ၂ ရက်)တွင် အသွားအလာ ဂရုပြုဆင်ခြင်ရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်