Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ်ရဲစခန်းကို PDF ဝင်တိုက်ခိုက်၊ ​သေဆုံးမှုရှိနိုင်ဟု ဒီပဲယင်း(ပကဖ)​ပြော

“အကြမ်းဖက်စစ်ခွေး အများအပြား ထိခိုက်သေဆုံးနိုင်သည်။ ( လုံးဝကို အသေအပျောက်ရှိနိုင်ပါသည်။)”ဟု ဒီပဲယင်း(ပကဖ)က ဆိုသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ မတ်လ ၁ ရက် ည ၉နာရီခန့်က ဖြစ်ပွားခဲ့ကာ ရဲစခန်းဝန်းအတွင်း ကျကွဲမိုင်းခုနှစ်လုံးဖြင့် ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

“အကြမ်းဖက်စစ်ခွေး အများအပြား ထိခိုက်သေဆုံးနိုင်သည်။ ( လုံးဝကို အသေအပျောက်ရှိနိုင်ပါသည်။)”ဟု ဒီပဲယင်း(ပကဖ)က ဆိုသည်။

“မြေကြီးတွေကို တုန်ခါသွားတာ နှစ်ကြိမ်လောက်ရှိတယ်။ပြီးမှ သေနတ်သံတွေ ဆက် တိုက်ထွက်လာတာ ၁၅ မိနစ်လောက်တော့ ကြာတယ်”ဟု ဒီပဲယင်းမြို့ ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ကောင်းကင် ၊စွယ် တော် နှင့် ဇာမဏီ မဟာမိတ် (၃) ဖွဲ့ သည် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ဒီပဲယင်း(ပကဖ) က အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မြို့ပေါ် ရဲစခန်း တိုက်ခိုက်ခံရသည့်အတွက် ဒီပဲယင်းမြို့ ဒေသခံများအနေဖြင့် ယနေ့(မတ်လ ၂ ရက်)တွင် အသွားအလာ ဂရုပြုဆင်ခြင်ရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။