Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံကို လတ်တလော သွားလာထားသူတွေကို စင်ကာပူ ဗီဇာပိတ်

အဲဒီ သတ်မှတ်ချက် အသစ်ဟာ ဇူလိုင် ၁၅ ရက် ညသန်းခေါင်မှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Covid-19 ရောဂါ ကူးစက်မှုတွေ အခြေအနေ ဆိုးသထက် ဆိုးလာနေတာကြောင့် ရောဂါ ထိန်းချုပ်ရေး အစီအမံ အနေနဲ့ အခုလို ဗီဇာ ပိတ်ပင်လိုက်တာလို့ စင်ကာပူဖက်က ထုတ်ပြန်ပါတယ်။

ကပ်ရောဂါ ကာကွယ်ရေး အစီအမံ တစ်ရပ် အနေနဲ့ မြန်မာနိုင်ငံကို လတ်တလော သွားရောက်ထားသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမယ်လို့ စင်ကာပူက ကြေညာလိုက်ပါတယ်။

အဲဒီ သတ်မှတ်ချက် အသစ်ဟာ ဇူလိုင် ၁၅ ရက် ညသန်းခေါင်မှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Covid-19 ရောဂါ ကူးစက်မှုတွေ အခြေအနေ ဆိုးသထက် ဆိုးလာနေတာကြောင့် ရောဂါ ထိန်းချုပ်ရေး အစီအမံ အနေနဲ့ အခုလို ဗီဇာ ပိတ်ပင်လိုက်တာလို့ စင်ကာပူဖက်က ထုတ်ပြန်ပါတယ်။

ဗီဇာ ပိတ်ပင်မှု သတ်မှတ်ချက်ဟာ Long-term pass holderတွေရော၊ Short-term visitorတွေ အတွက်ပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။ သတ်မှတ်ချက် အသစ်အရ လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးရင် စင်ကာပူမှာ ခရီးတစ်ထောက်နား (Transit)အတွက်တောင် ဗီဇာ မရတော့ပါဘူး။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း မြန်မာနိုင်ငံမှာ Transitအဖြစ် ခဏလောက် ရှိခဲ့ဖူးသူတွေတောင် စင်ကာပူ ပြည်ဝင်ခွင့် မရဘူးလို့ ဆိုပါတယ်။ အရင်ကတော့ အဲဒီလို Transit ခရီးသည်တွေကို စင်ကာပူက ဗီဇာ ပေးထားပါတယ်။

စင်ကာပူ နိုင်ငံသားတွေ အပါအဝင် ဗီဇာ ကင်းလွတ်ခွင့် ရပေမယ့် မြန်မာနိုင်ငံကို လတ်တလော သွားရောက်ဖူးတဲ့ ခရီးသွား ရာဇဝင် ရှိသူတိုင်းဟာ လေဆိပ်ကို ရောက်တာနဲ့ အထူးကြပ်မတ် စောင့်ကြည့်ပြီး ဆေးစစ်မှုတွေ ခံယူရမယ်လို့ စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံကနေ ရောက်နေပြီး လောလောဆယ် ၁၄ ရက်ကြာ နေအိမ် Quarantine ဝင်နေသူတွေ အနေနဲ့လည်း ၄ ကြိမ် ဆေးစစ်ရတာ အပါအဝင် သတ်မှတ်ချက် အသစ် တချို့ကို လိုက်နာရမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် အာဏာသိမ်းမှုအပြီး ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျသွားတဲ့ မြန်မာနိုင်ငံမှာ Covid-19 ကူးစက်နှုန်းကလည်း ကြောက်ခမန်းလိလိ မြင့်တက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မြန်မာနိုင်ငံမှာ ကူးစက်လူနာအသစ် အနည်းဆုံး ၅၀၀၀ ကျော် တိုးလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ ၂ သိန်းကျော် ရှိနေပြီး ၄ ထောင်ကျော် သေဆုံးတယ်လို့ ကြေညာထားပေမယ့် လက်တွေ့မှာတော့ အဲဒီ ကိန်းဂဏန်းတွေထက် အများကြီး အခြေအနေ ဆိုးရွားနေတယ်လို့ ယုံကြည်ရပါတယ်။

ကမ္ဘာအရပ်ရပ်က ကပ်ရောဂါ ကူးစက်မှု အခြေအနေတွေကို လေ့လာ စောင့်ကြည့်ပြီး နယ်စပ်ရေးရာ မူဝါဒတွေကို လိုအပ်သလို ချိန်ညှိ ပြောင်းလဲသွားမယ်လို့လည်း စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။