Connect with us

Hi, what are you looking for?

News

လုံခြုံရေးအရ ဆောနယ်ရှိလမ်းပိုင်း သုံးခုကို ဖြတ်သန်းသွာလာခြင်းမပြုရန် ဆော PDFကြေညာ

“စစ်ရေးအခြေအနေအရ မဖြစ်မနေ ပိတ်ဖို့ လိုအပ်လို့ ပိတ်တာပါ။အန္တရာယ်မဖြစ်ဖို့ နဲ့ ပြည်သူ့တပ်ဖွဲ့တွေကို အနှောက်အယှက်မဖြစ်ဖို့ ပြည်သူတွေ ကိုယ်တိုင် ပူးပေါင်းကူညီကြဖို့လည်း လိုတယ်”ဟု ဆောမြို့နယ် (ပအဖ) တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(​ဆော PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

ဆော-ကျောက်ထု ၊ ဆော-ဆိပ်ဖြူ နှင့် ဆော -လောင်းရှည် လမ်းပိုင်းသုံးခုကို ဖြတ်သန်းခွင့် ပိတ်ပင်ကြောင်း PDF-SAW က ယနေ့ (မတ်လ ၃ ရက်)တွင် ထုတ်ပြန် သည်။

ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် နည်းလမ်းမျိုးစုံဖြင့် ဆောမြို့နယ် အတွင်းသို့ ကျူး ကျော်ဝင်ရောက် လာ​နေသည်ဟုလည်း အသိပေးသည်။

ထို့အတွက် လုံခြုံရေးအခြေအနေများကြောင့်ကြေညာ ချက် ထုတ်ပြန်သည့် အချိန်မှစ၍ ဖြတ်သန်းခွင့်ပိတ်လိုက်သည့် လမ်းပိုင်းများကို အသုံးပြု သွားလာခြင်းမပြုလုပ်ရန် တိုက်တွန်းသည်။

“စစ်ရေးအခြေအနေအရ မဖြစ်မနေ ပိတ်ဖို့ လိုအပ်လို့ ပိတ်တာပါ။အန္တရာယ်မဖြစ်ဖို့ နဲ့ ပြည်သူ့တပ်ဖွဲ့တွေကို အနှောက်အယှက်မဖြစ်ဖို့ ပြည်သူတွေ ကိုယ်တိုင် ပူးပေါင်းကူညီကြဖို့လည်း လိုတယ်”ဟု ဆောမြို့နယ် (ပအဖ) တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက သက်ဆိုင် ရာ ကာကွယ်ရေးတပ်ဖွဲ့များကို အကြောင်းကြား အသိပေးပြီးမှ ဖြတ်သန်းသွားလာရန်လည်း သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီလလယ်ကစ၍ အင်အား ၂၀၀ကျော်ဖြင့် ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးရန်ပြင်ဆင်ခဲ့သည်။

သို့သော် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ၂၀ဦးထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။