Connect with us

Hi, what are you looking for?

LuduNwayOo

News

လုံခြုံရေးအရ ဆောနယ်ရှိလမ်းပိုင်း သုံးခုကို ဖြတ်သန်းသွာလာခြင်းမပြုရန် ဆော PDFကြေညာ

“စစ်ရေးအခြေအနေအရ မဖြစ်မနေ ပိတ်ဖို့ လိုအပ်လို့ ပိတ်တာပါ။အန္တရာယ်မဖြစ်ဖို့ နဲ့ ပြည်သူ့တပ်ဖွဲ့တွေကို အနှောက်အယှက်မဖြစ်ဖို့ ပြည်သူတွေ ကိုယ်တိုင် ပူးပေါင်းကူညီကြဖို့လည်း လိုတယ်”ဟု ဆောမြို့နယ် (ပအဖ) တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(​ဆော PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

ဆော-ကျောက်ထု ၊ ဆော-ဆိပ်ဖြူ နှင့် ဆော -လောင်းရှည် လမ်းပိုင်းသုံးခုကို ဖြတ်သန်းခွင့် ပိတ်ပင်ကြောင်း PDF-SAW က ယနေ့ (မတ်လ ၃ ရက်)တွင် ထုတ်ပြန် သည်။

ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် နည်းလမ်းမျိုးစုံဖြင့် ဆောမြို့နယ် အတွင်းသို့ ကျူး ကျော်ဝင်ရောက် လာ​နေသည်ဟုလည်း အသိပေးသည်။

ထို့အတွက် လုံခြုံရေးအခြေအနေများကြောင့်ကြေညာ ချက် ထုတ်ပြန်သည့် အချိန်မှစ၍ ဖြတ်သန်းခွင့်ပိတ်လိုက်သည့် လမ်းပိုင်းများကို အသုံးပြု သွားလာခြင်းမပြုလုပ်ရန် တိုက်တွန်းသည်။

“စစ်ရေးအခြေအနေအရ မဖြစ်မနေ ပိတ်ဖို့ လိုအပ်လို့ ပိတ်တာပါ။အန္တရာယ်မဖြစ်ဖို့ နဲ့ ပြည်သူ့တပ်ဖွဲ့တွေကို အနှောက်အယှက်မဖြစ်ဖို့ ပြည်သူတွေ ကိုယ်တိုင် ပူးပေါင်းကူညီကြဖို့လည်း လိုတယ်”ဟု ဆောမြို့နယ် (ပအဖ) တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက သက်ဆိုင် ရာ ကာကွယ်ရေးတပ်ဖွဲ့များကို အကြောင်းကြား အသိပေးပြီးမှ ဖြတ်သန်းသွားလာရန်လည်း သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီလလယ်ကစ၍ အင်အား ၂၀၀ကျော်ဖြင့် ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးရန်ပြင်ဆင်ခဲ့သည်။

သို့သော် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ၂၀ဦးထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။