Connect with us

Hi, what are you looking for?

News

မန္တလေးကျုံးဘေးက Hilton Hotel နား ဗုံးပေါက်ကွဲ

ဒါကို စစ်ကောင်စီတပ်ဖွဲ့ကို အကြောင်းကြားလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသွားစစ်ချိန်မှာပေါက်ကွဲမှုဖြစ်ခဲ့တာလို့ မျက်မြင်တွေ့ရသူအချို့ကပြောပါတယ်။

Hilton Hotel ကို ၂၀၂၀ ခုနှစ်အတွင်းကတွေ့ရစဉ်

မန္တလေးကျုံးဘေးမှာရှိတဲ့ Hilton Hotel နားမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Hilton Hotelရဲ့ အရှေ့ဘက်လမ်း ၆၆လမ်းပလက်ဖောင်းပေါ်မှာ ဗုံးထောင်ထားတာကို စည်ပင်ဝန်ထမ်းတစ်ဦးက ကနဦးတွေ့ရှိခဲ့တာပါ။

ဒါကို စစ်ကောင်စီတပ်ဖွဲ့ကို အကြောင်းကြားလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသွားစစ်ချိန်မှာပေါက်ကွဲမှုဖြစ်ခဲ့တာလို့ မျက်မြင်တွေ့ရသူအချို့ကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုအခြေအနေမသိရသေးပေမယ့် ဟိုတယ်ရဲ့ မှန်အချို့ ပျက်စီးသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။