Connect with us

Hi, what are you looking for?

News

ကသာတွင် PDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ် ​လေးဦးထက်မနည်းသေ

ကသာမြို့နယ် မှတ်တိုင်ကျေးရွာ၊ တာဝါတိုင်အနီးတွင် စစ်ကောင်စီတပ်များကို မြို့လှPDF၊ကသာPDF၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ-က-ဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

ကသာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် ​လေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ဟု ကသာ PDFက ထုတ်ပြန် သည်။

ကသာမြို့နယ် မှတ်တိုင်ကျေးရွာ၊ တာဝါတိုင်အနီးတွင် စစ်ကောင်စီတပ်များကို မြို့လှPDF၊ကသာPDF၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ-က-ဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မတ်လ ၃ရက် နံနက် ၈နာရီခန့်တွင် မှတ်တိုင်ကျေးရွာ၊တာဝါတိုင်အနီးတွင် မြို့လှမြို့မှ ခြေလျင်စစ်ကြောင်းထိုးလာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့က ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ​လေးဦးထက်မနည်းကျဆုံးပြီး ပြင်းထန်ဒဏ်ရာရသူများပြားကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။