Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာတွင် PDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ် ​လေးဦးထက်မနည်းသေ

ကသာမြို့နယ် မှတ်တိုင်ကျေးရွာ၊ တာဝါတိုင်အနီးတွင် စစ်ကောင်စီတပ်များကို မြို့လှPDF၊ကသာPDF၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ-က-ဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

ကသာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် ​လေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ဟု ကသာ PDFက ထုတ်ပြန် သည်။

ကသာမြို့နယ် မှတ်တိုင်ကျေးရွာ၊ တာဝါတိုင်အနီးတွင် စစ်ကောင်စီတပ်များကို မြို့လှPDF၊ကသာPDF၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ-က-ဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မတ်လ ၃ရက် နံနက် ၈နာရီခန့်တွင် မှတ်တိုင်ကျေးရွာ၊တာဝါတိုင်အနီးတွင် မြို့လှမြို့မှ ခြေလျင်စစ်ကြောင်းထိုးလာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့က ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ​လေးဦးထက်မနည်းကျဆုံးပြီး ပြင်းထန်ဒဏ်ရာရသူများပြားကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။