Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ် မြင်သားကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့်မြင်ကွင်းများ

စစ်ကောင်စီတပ်သည် ယခင်ကလည်းအဆိုပါ ကျေးရွာများအနက် မြင်သားနှင့် စမ်းမြို့ရွာတို့မှနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ယခုထပ်မံမီးရှို့ခြင်းဖြစ်သည်။ သင်တောရွာနှင့် စမ်းမြို့ရွာမှာလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဓာတ်ပုံ - ​ပေးပို့

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာအုပ်စု မြင်သားကုန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွား၍ အိမ်ခြေအများအပြား မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အင်အားအများအပြားဖြင့် မတ်လ ၁ရက်နှင့် ဖေဖော်ဝါရီ ၂၈ရက်တို့တွင် ဂန့်ဂေါမြို့နယ်ရှိ မြင်သားကုန်းရွာ၊ မြင်သား၊သင်တောရွာ၊ ရွှေဘိုရွာ၊ကံတိုးရွာ၊ စမ်းမြို့ရွာ တို့ရှိ ပြည်သူလူထု နေအိမ်များကိုမီးရှို့ခြင်း၊ ပြည်သူလူထုပိုင် ပစ္စည်းများ၊အိမ်မွေးတိရိစ္ဆာန်များ ကိုယူဆောင်ခြင်း ဖျက်ဆီးခြင်း၊ဒေသခံများကိုဖမ်းဆီးသတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

“အင်မတန် စပ်ဆုပ်ရွံရှာ ကောင်းတယ်သပ်သပ်မဲ့နိုင်ထက်စီးနင်းလုပ်တယ်။ လက်နက်အားကိုးနဲ့ အဲဒီလိုမျိုးလုပ်တယ်။ သူတို့နဲ့ပတ်သက်ရင် ပြောလည်းမပြောချင်တော့ဘူး။ မြင်လည်းမမြင်ချင်တော့ဘူး။ အဲဒီလောက် ရက်စက်ယုတ်မာကြမ်းတမ်းလွန်းလို့လေ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်းအဆိုပါ ကျေးရွာများအနက် မြင်သားနှင့် စမ်းမြို့ရွာတို့မှနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ယခုထပ်မံမီးရှို့ခြင်းဖြစ်သည်။ သင်တောရွာနှင့် စမ်းမြို့ရွာမှာလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။