Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ် မြင်သားကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့်မြင်ကွင်းများ

စစ်ကောင်စီတပ်သည် ယခင်ကလည်းအဆိုပါ ကျေးရွာများအနက် မြင်သားနှင့် စမ်းမြို့ရွာတို့မှနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ယခုထပ်မံမီးရှို့ခြင်းဖြစ်သည်။ သင်တောရွာနှင့် စမ်းမြို့ရွာမှာလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဓာတ်ပုံ - ​ပေးပို့

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာအုပ်စု မြင်သားကုန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွား၍ အိမ်ခြေအများအပြား မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အင်အားအများအပြားဖြင့် မတ်လ ၁ရက်နှင့် ဖေဖော်ဝါရီ ၂၈ရက်တို့တွင် ဂန့်ဂေါမြို့နယ်ရှိ မြင်သားကုန်းရွာ၊ မြင်သား၊သင်တောရွာ၊ ရွှေဘိုရွာ၊ကံတိုးရွာ၊ စမ်းမြို့ရွာ တို့ရှိ ပြည်သူလူထု နေအိမ်များကိုမီးရှို့ခြင်း၊ ပြည်သူလူထုပိုင် ပစ္စည်းများ၊အိမ်မွေးတိရိစ္ဆာန်များ ကိုယူဆောင်ခြင်း ဖျက်ဆီးခြင်း၊ဒေသခံများကိုဖမ်းဆီးသတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

“အင်မတန် စပ်ဆုပ်ရွံရှာ ကောင်းတယ်သပ်သပ်မဲ့နိုင်ထက်စီးနင်းလုပ်တယ်။ လက်နက်အားကိုးနဲ့ အဲဒီလိုမျိုးလုပ်တယ်။ သူတို့နဲ့ပတ်သက်ရင် ပြောလည်းမပြောချင်တော့ဘူး။ မြင်လည်းမမြင်ချင်တော့ဘူး။ အဲဒီလောက် ရက်စက်ယုတ်မာကြမ်းတမ်းလွန်းလို့လေ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်းအဆိုပါ ကျေးရွာများအနက် မြင်သားနှင့် စမ်းမြို့ရွာတို့မှနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ယခုထပ်မံမီးရှို့ခြင်းဖြစ်သည်။ သင်တောရွာနှင့် စမ်းမြို့ရွာမှာလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook