Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ်တွင် စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးခန့်​သေဟု ​မြွေ​ဟောက်​ပြောက်ကျားတပ်ဖွဲ့​ပြော

ယနေ့ တိုက်ပွဲကို မြွေဟောက်ပြောက်ကျားတပ်ဖွဲ့ ၏ ညီနောင်မဟာမိတ်များဖြစ်သော Regional Friend Fighters ၊ မိုးသောက်ကြယ်အဖွဲ့၊ ‌ချင်းတွင်းဒေါင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အသိပေးသည်။

People's Spring
People's Spring

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာသို့ ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်ဆွဲတိုက်ခိုက်ရာ ၁၀ ဦးခန့်သေဆုံးကြောင်း မြွေဟောက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၄ ရက်) နံနက် ၁၀နာရီခန့်က အင်အား ၁၅၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မိုင်းအလုံး ၃၀ကျော်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ခွေးသေများအား ကားနှစ်စီးဖြင့်သယ်ယူနေပြီဖြစ်ကြောင်း မြေပြင်သတင်းရရှိပါတယ်ဗျာ၊ ခွေးသေတစ်ချို့ကိုတော့ ပီနံ အိပ်ဖြင့်ထည့်နေသည်ကိုမြင်တွေ့ရပါတယ်”ဟု မြွေဟောက်ပြောက်ကျားတပ်ဖွဲ့က ပြော သည်။

ယနေ့ တိုက်ပွဲကို မြွေဟောက်ပြောက်ကျားတပ်ဖွဲ့ ၏ ညီနောင်မဟာမိတ်များဖြစ်သော Regional Friend Fighters ၊ မိုးသောက်ကြယ်အဖွဲ့၊ ‌ချင်းတွင်းဒေါင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၆ ရက်ကစ၍ ထိုး စစ်ဆင်ခဲ့ပြီး တိုက်ခိုက်ရေး ရဟတ်ယာဥ်များ အသုံးပြုကာ ဒေသခံ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့သည်။

ထို့အပြင် ပြည်သူအချို့လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ညောင်ကိုင်း၊ချင်းပုန်း၊သပြေအေး၊ကျောက် ပြုတ်ကျေးရွာမှ လူနေအိမ်များစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ(၃၃)စစ်ကြောင်းက စစ်သားငါးဦး လက်နက်ခဲယမ်းယူပြီး အလင်းဝင်လာ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။