Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၆) တပ်ရင်းမှူးအား ပစ်ခတ်တဲ့ ရဲဘော်ကိုဖမ်းဆီး၊ စစ်ဘက်ဆိုင်ရာ ဥပဒေနဲ့အညီ အလေးထားကိုင်တွယ်သွားမယ်လို့ PDFစစ်ရုံးချုပ်ကြေညာ

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။

ကျဆုံးခဲ့တဲ့ ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ကိုစစ်အ​ခြေခံသင်တန်းတစ်ခုမှ​တွေ့ခဲ့ရစဥ်

ဇွန်-၂၆၊၂၀၂၆။ထားမြတ်၊​ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။

ဇွန် ၂၆ရက်မှာ တပ်ရင်းမှူး ပုလဲမောင်ကို ရဲဘော်ငဖြိုးက ပစ္စတိုနဲ့ ပစ်ခတ်ခဲ့လို့ ကျဆုံးခဲ့ရတာဖြစ်ပြီး ကျူးလွန်သူ ရဲဘော်ငဖြိုးအား လက်နက်ဖြုတ်သိမ်းကာ ယင်းမာပင်ခရိုင် စစ်ဌာန အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

PDF စစ်ရုံးချုပ်ထုတ်ပြန်ချက်

“ယခုဖြစ်စဥ်နှင့်ပတ်သတ်၍ အသေးစိတ်အခြေအနေများသိရှိနိုင်စေရန် နှင့် မလိုလားအပ် သော နောက်ဆက်တွဲကိစ္စရပ်များ မဖြစ်ပေါ်စေရေး စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူများက အနီးကပ် ကွင်းဆင်းဆောင်ရွက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့်လည်း စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီအထူးအလေးပေး ကိုင်တွယ်ဆောင်ရွက် သွားမည် ဖြစ်ပါသည်”လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တပ်ရင်းမှူး ပုလဲမောင်ဟာ ဒီကနေ့ ပြုလုပ်တဲ့ အစည်းအဝေး တခုမှာ ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ရဲဘော်ဟာ ခရိုင်ကွပ်ကဲရေးမှူး စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိတာဝန်ယူထားတဲ့ ရဲဘော်လို့ ရေးသားမှုတွေရှိပေမယ့် ယင်းမာပင်ခရိုင် အမှတ်(၆)တပ်ရင်းရဲ့ ထုတ်ပြန်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖြစ်စဉ် အသေးစိတ်ဖော်ပြမထားပါဘူး။

ယင်းမာပင်ခရိုင်အမှတ်-၆တပ်ရင်း ကလည်း တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ ကျဆုံးခြင်းနဲ့ ပတ်သက်ပြီး ဒီညပိုင်းမှာထုတ်ပြန်ခဲ့ရာ ဒီကနေ့ ယင်းမာပင်ခရိုင်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်နေစဥ်အတွင်း နေ့လည် ၂နာရီမှာ တပ်ရင်းမှပေးအပ်သောတာ၀န်များကိုယ်ထမ်းဆောင်နေစဉ်အတွင်း တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အသက်နဲ့ ခန္ဓာပေးဆပ်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုကျူးလွန်သူရဲဘော်ငဖြိုးကို လက်နက်ဖြုတ်သိမ်း၍ ယင်းမာပင်ခရိုင် စစ်ဌာန အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ဟုလည်း အသိပေးထားပါတယ်။

“တပ်ရင်းမှူးတစ်ယောက်ကို အစည်းဝေးခန်းမှာပစ်တာတော့ လွန်လွန်းအားကြီးတယ်။ ဒါကို ပြင်းပြင်းထန်ထန်ထိထိရောက်ရောက် အရေးယူဖို့လိုတယ်။ ‌နောက်ပြီး ယင်းမာပင်ခရိုင်ထဲက အခြေအနေကို သေချာလေး ထိန်ထိန်းသိမ်းသိမ်းကိုင်တွယ်ဖို့လိုနေပြီ” လို့ ဆားလင်းကြီးမြို့နယ်ကပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။

ဒေသခံတွေကတော့ ဖြစ်ပျက်ခဲ့တဲ့အခြေအနေကို NUG ကာကွယ်​ရေးဝန်ကြီးဌာန အနေနဲ့ အမှုမှန်ပေါ်ပေါက်အောင်စစ်ဆေးအရေးယူဖို့ လိုလားတယ်လို့​ပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။