Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ကတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ခန့်​သေဟု ​ဆောPDF​ပြော

အဆိုပါနေရာသို့ PDF-SAWမှ လက်နက်ကြီးဖြင့် တိုက်ခိုက်သဖြင့် အကြမ်းဖက်မီးရှို့နေချိန်တွင်
အကြမ်းဖက်စစ်​ကောင်စီတပ်၏ ပူးပေါင်းတပ်များဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

(​ဆော PDF ရဲ​​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)

မ​ကွေးတိုင်း ပေါက်မြို့နယ် ဘုတ်မယ်နှင့် အင်းငယ်ဒေါင့် ရွာတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး ၂၀ ခန့် သေဆုံးနိုင်ကြောင်း PDF-SAWက ယနေ့(မတ်လ ၆ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ မတ်လ ၅ရက်က ဖြစ်ပြီး PDF-SAW အနေဖြင့်ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မတ်လ ၂ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအင်အား ၅၀ကျော်မှာ ပေါက်မြို့နယ်လယ်ယာကျေးရွာသို့ စတင်ဝင်ရောက်ခဲ့သည်။

ယင်းနေ့ ညပိုင်း ၇ နာရီခွဲခန့်တွင် အိမ်ခြေ ၂၄၀ရှိ လယ်ယာကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၂၀၀နှင့် ကျွဲ၊နွား၊ဆိတ်၊ဝက်များ ဆုံးရှုံးခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် မတ်လ ၃ ရက် နံနက် ၆နာရီဝန်းကျင်က ပေါက်မြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီနှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါနေရာသို့ PDF-SAWမှ လက်နက်ကြီးဖြင့် တိုက်ခိုက်သဖြင့် အကြမ်းဖက်မီးရှို့နေချိန်တွင်
အကြမ်းဖက်စစ်​ကောင်စီတပ်၏ ပူးပေါင်းတပ်များဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်စဥ်များအတွင်း ဒေသခံမဟာမိတ်ကာကွယ် ရေးတပ်ဖွဲ့များမှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ပြီး ငါးဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။