Connect with us

Hi, what are you looking for?

News

တန့်ဆည်-​ရေဦးလမ်းပိုင်းတွင် စစ်​ကောင်စီတပ်ယာဥ် တိုက်ခိုက်ခံရပြီး ​လေးဦး​သေဟုဆို

စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် Fawကားအပြာကို Phoenix Defence Force – Taze တန့်ဆည်မြို့နယ် တပ်မဟာ(၂)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၃)နှင့် ဓူဝံ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

People's Spring
People's Spring

တန့်ဆည် – ရေဦးလမ်းပိုင်းတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားလေးဦးသေဆုံးခဲ့သည်ဟု Phoenix Defence Force – Tazeက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၂ရက်) နေ့လယ်၁နာရီခွဲခန့်က တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တွင် အော်တိုသေနတ် ငါးလက်နှင့် လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိခဲ့သည်ဟုလည်း အသိပေးသည်။

စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် Fawကားအပြာကို Phoenix Defence Force – Taze တန့်ဆည်မြို့နယ် တပ်မဟာ(၂)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၃)နှင့် ဓူဝံ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

“တိုက်ပွဲကြာချိန် ၁၅မိနစ်ခန့်အတွင်း စခ (၄)ကောင် ထိခိုက်ကျဆုံးခဲ့ပါသည်။အော်တိုသေနတ် ၅ လက်နှင့် လက်နက်ခဲယမ်း အချို့ လက်ဝယ်သိမ်းစည်းနိုင်ခဲ့ပြီး ထိခိုက်ဒါဏ်ရာများနှင့်ခြေဦးတည့်ရာ ထွက်ပြေးသွားကြသော စခများကို လိုက်လှန် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်းလက်နက်ခဲယမ်း မလုံလောက်မှူ အခက်အခဲတွေကြောင့် မိမိတို့ တော်လှန်ရေးရဲဖော်များ ပြန်လည်ဆုတ်ခွာခဲ့ပါသည်”ဟု Phoenix Defence Force – Taze က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၎င်းတို့ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဖြစ်သော်လည်း တော်လှန် ရေးရဲဘော်များအတွက် လက်နက်ခဲယမ်းလိုအပ်ချက်ပြဿနာမှာ ပြည်သူများ၏ ထောက်ပံ့ကူညီမှူ အရေး တကြီးလိုအပ်နေကြောင်း တောင်းဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့အတိုက်ခံရပြီးနောက် တန့်ဆည်မြို့နယ် စိမ်းစားကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း အပါအဝင် လူနေအိမ်များကို မီးရှို့ခြင်းနှင့် ဒေသခံအချို့ သတ်ဖြတ်ခံရသည်ဟု Taze Support Organization က ဆိုသည်။

“စိမ်းစားကျေးရွာတွင် စစ်ခွေးများ၏ ရမ်းကားပစ်ခတ်မှု့ကြောင့် (၁၅)နှစ်အရွယ် အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး ရင်ဘတ်နှင့်ပေါင် ကျည် နှစ်ချက်ထိမှန်ကာ သေဆုံးသွားခဲ့ပြီး ယခုအချိန်ထိ နေအိမ် ငါးလုံးဝန်းကျင် မီးရှို့ခံထားရသည်။ ယခုချိန်ထိ စခများ စိမ်းစားရွာတွင် ရှိနေသေးပြီး အသက်ကြီးသူ လူကြီးများ ရွာထဲတွင် ပိတ်မိနေကြောင်း သိရပါသည်။ နောက်ဆက်တွဲ သိရသည်မှာ အသက်(၇၀)အရွယ် မသန်စွမ်း အဖွားအို တစ်ဦးလည်း မပြေးနိုင်၍ နေအိမ်ထဲ ထားခဲ့ရကာ ဘေးအိမ် မီးရှို့ခံသောကြောင့် မီးအပူမိကာ သေဆုံးသွားကြောင်း သိရသည်”ဟု TSO က အသိပေးသည်။

မတ်လ ၄ ရက်ကစ၍ စစ်ကိုင်းတိုင်းရှိ မြို့နယ် အများစု ကို အင်တာနက်လိုင်းများ ဖြတ်တောက်ကာ အကြမ်းဖက်စစ်တပ်က လူသတ် ၊မီးရှို့မှုများ ဆက်တိုက်ပြုလုပ်နေပြီး ရွှေဘိုခရိုင်ရှိ မြို့နယ်များမှာ လတ်တလော အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။