Connect with us

Hi, what are you looking for?

News

ပုလောတိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ထက်မနည်းသေဆုံးဟု PDFထုတ်ပြန်

တိုက်ပွဲ ဖြစ်ပွားနေစဥ်တွင် ပလောက်မြို့ တိုင်းဗဟို(၁၂) မှ လာရောက်သည့် စစ်ကူများသည် ထမင်းမစားကျေးရွာသို့ ရောက်ရှိနေကာ နန်းပရုပ်ရွာတွင် ရောက်ရှိလာသည့် စစ်ကူများကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Palaw PDF ကအသိပေးသည်။

(ပုလော PDF ရဲဘော်များကို တွေ့ရစဥ်)

တနသ်ာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများ တပ်စွဲရာနေရာသို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် က လာရောက်စစ်ကူပေး၍ တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ပုလော PDFက ထုတ်ပြန်သည်။

မတ်လ ၁၆ရက် နံနက် ၆နာရီခန့်မှစ၍ ပျူစောထီးများတပ်စွဲရာ ပုလောကုန်းရွာသို့ ပုလောPDF(PPDF) ၊ KNU(ကရင်အမျိုးသားအစည်းအရုံး) ၊PRDF( Palaw Regional Defense Force)၊ KPDF (Karen People Defense Force)တို့က သွားရောက် တိုက်ခိုက်ခဲ့ရာ ၃နာရီခန့်တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဆိုသည်။

(ပုလော PDF ရဲဘော်များကို တွေ့ရစဥ်)

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် မှ စစ်ကူများလာရောက်ရာ ပုလောPDF က မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲ ဖြစ်ပွားနေစဥ်တွင် ပလောက်မြို့ တိုင်းဗဟို(၁၂) မှ လာရောက်သည့် စစ်ကူများသည် ထမင်းမစားကျေးရွာသို့ ရောက်ရှိနေကာ နန်းပရုပ်ရွာတွင် ရောက်ရှိလာသည့် စစ်ကူများကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Palaw PDF ကအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ၏ ခလရ (၂၈၅) တပ်ရင်းမှ စစ်ကားများသည် ပုလောကုန်းသို့ တိုက်ရိုက်မဝင်ဘဲ လက်နက်ကြီးပစ်ကူများပေးခဲ့ပြီး မကျည်းကုန်းနှင့် နန်းတောင်ရွာတွင် ရှိနေသော အကြမ်းဖက်စစ်တပ်ကလည်း လက်နက်ကြီးများအသုံးပြု၍ ရမ်းသမ်းပစ်ခတ်ခဲ့ သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဥ်တွင် ပျူစောထီး ၂၀ထက်မနည်း ထိခိုက်သေဆုံးကြောင်း နှင့် ပုလောPDF မှ တပ်သားတစ်ဦး လက်ဖျံတွင် ကျည်ဆံထိမှန်ခဲ့ ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယနေ့ တိုက်ပွဲတွင် ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော်၊KNU မဟာမိတ်အဖွဲ့၊ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် KPDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။