Connect with us

Hi, what are you looking for?

News

အင်အား ၄၀​ကျော်ပါသည့် စစ်​ကောင်စီတပ်​​ရေယာဥ်တိုက်ခိုက်ရာ ထိခိုက်​သေဆုံးမှုရှိဟု မြို့လှPDF ​​ပြော

စစ်ကောင်စီ၏ သံခွန်မော်တော်၏ ဝမ်းအတွင်းသို့ RPG တစ်လုံး ကျရောက်ထိမှန်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဆိုသည်။

အင်အား ၄၀ကျော်ပါရှိသည့် အကြမ်းဖက်စစ် ကောင်စီရေယာဥ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၈) နံနက် ၄နာရီခန့်တွင် ရွှေကူမြို့နှင့် ကျောက်ကြီးရွာကြား၌ စစ်ကောင်စီရေယာဥ်ကို မြို့လှ PDFက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ သံခွန်မော်တော်၏ ဝမ်းအတွင်းသို့ RPG တစ်လုံး ကျရောက်ထိမှန်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဆိုသည်။

Public Service Announcement

တိုက်ပွဲကြာမြင့်ချိန် ၁၀မိနစ်ခန့်ရှိခဲ့ပြီး မြို့လှ PDFတပ်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(မတ်လ ၁၇)ကလည်း ကသာမြို့မှ ဆန်တက်လာသည့်စစ်ကောင်စီ၏ စစ်သင်္ဘောနှစ်စီးကို မိုးတားနှင့် ကျောက်ကြီးရွာကြားတွင် ဒေသကာကွယ်ရေးတပ်များမှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ရေယာဥ်များဖြင့် အကြမ်းဖက်စစ် ကောင်စီတပ်များပြောင်းရွှေ့ခြင်းနှင့် ရိက္ခာ ပို့ဆောင်ခြင်းများကို ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏကြားဖြတ်တိုက်ခိုက်နိုင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။