Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်းတွင် မိုင်းရှင်း​သောစစ်​ကောင်စီတပ်ကိုPDF နှစ်ဖွဲ့က ပ​ဒေသာမိုင်းဖြင့်တိုက်ခိုက်

အဆိုပါမိုင်းဆွဲတိုက်ခိုက်မူတွင်မြေပြင်ရဲဘော်များ၏မျက်မြင်သတင်းပေးပို့မူများအရ စစ်​ကောင်စီတပ်သားအနည်းဆုံး(၇)ဦး သေဆုံးကြောင်း အတည်ပြုနိုင်သည်ဟု Knight Commanders( MMU) ကထုတ်ပြန်သည်။

(မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ယခင်လပိုင်းအတွင်းက ပစ်ခတ်မှုများဖြစ်ပေါ်နေ၍ ယာဥ်များရပ်တန့်စောင့်ဆိုင်းနေစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ​စစ်​ကောင်စီတပ်လှုပ်ရှားမှုကို လေးရက်ခန့်​စောင့်ကြည့်၍ မိုင်းရှင်းနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ ပ​ဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း​မြောင်မြို့နယ်​တော်လှန်​ရေးတပ်(MRA) တာဝန်ရှိသူက​ပြောသည်။

ယမန်​နေ့(မတ်လ၁၇ရက်) နံနက် ၉ နာရီခန့်က မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား လက်နက် အပြည့်အစုံနှင့် အရပ်ဝတ် စစစ်​ကောင်စီတပ်သား (၁၀)ယောက်ခန့် လာရောက် မိုင်းရှင်းလင်းရေး ပြုလုပ်စဥ် မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA)နှင့် တော်လှန်ရေးညီနောင်နှစ်ဖွဲ့ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Knight Commanders( MMU)က သတင်းထုတ်ပြန်သည်။

“ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ အလ္လကပ္ပဘက်ကလည်းလာတယ်။ ဝမ်းပြည့်ဘက်ကလည်း ဆင်းတာတွေရှိတယ်။ အရပ်ဝတ်တွေနဲ့ လာပြီး မိုင်းရှင်းလင်းရေးပုံစံမျိုး ကင်းပုန်းတွေလည်းချတတ်တယ်။ သူတို့သွားစရာလာစရာရှိရင် မြင်းမူနဲ့ ချောင်းဦးကြားတစ်လျှောက်ကို ကင်းပုန်းတွေချလေ့ရှိတယ်။ မိုင်းတွေကို မကြာခဏ ရှာဖွေလေ့ရှိတယ်။ ကျွန်တော်တို့မိုင်းနားရောက်ခါနီးမှာ အဝေးထိန်းနဲ့ဖောက်ခွဲလိုက်တာ။ သူတို့ယာယီတပ်စွဲထားတဲ့နေရာတွေကနေ ခြေကျင်လာတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ သူတို့ဒါမျိုးလှုပ်ရှားမှုတွေရှိတယ်။ ကျွန်တော်တို့လေးရက်စောင့်ခဲ့ရတယ်။”ဟု MRA တာဝန်ရှိသူကလူထု​နွေဦးသတင်းဌာနသို့ ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မူတွင်မြေပြင်ရဲဘော်များ၏မျက်မြင်သတင်းပေးပို့မူများအရ စစ်​ကောင်စီတပ်သားအနည်းဆုံး(၇)ဦး သေဆုံးကြောင်း အတည်ပြုနိုင်သည်ဟု Knight Commanders( MMU) ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Knight Commanders (MMU)သည် ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူများ အထိအခိုက်မရှိစေရန် အထူးဂရုပြု ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လှုပ်ရှားမူများကို သတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် Knight Commanders( MMU)က သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဝမ်းပြည့်ကျေးရွာ ဝမ်းစတား စားသောက်ဆိုင် အရှေ့ဘက် တွင် လှည်းနွားများဖြင့် တောင်ယာ လုပ်ငန်း လုပ်ကိုင်နေသော လူငယ်အမျိုးသားနှစ်ဦးအား အကြမ်းဖက် စစ်ကောင်စီ တပ်များက ဖမ်းဆီးသွားကြောင်း၊ စစ်ကောင်စီတပ်သည် နံနက်ပိုင်း ၇ နာရီခန့်မှစတင်ကာ မုံရွာ-မန္တလေးလမ်းပိုင်းကို အင်အား အများအပြားဖြင့် ကင်းချထားပြီး အလ္လကပ္ပ ကျေးရွာနှင့် မြင်းမူမြို့ကြားတွင်လည်း စစ်ကောင်စီ တပ်သား အင်အား ၅၀ခန့်ဖြင့် နေရာယူထားခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်သို့သွားရာ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook