Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ-မန္တ​လေးလမ်းတွင် မိုင်းရှင်း​သောစစ်​ကောင်စီတပ်ကိုPDF နှစ်ဖွဲ့က ပ​ဒေသာမိုင်းဖြင့်တိုက်ခိုက်

အဆိုပါမိုင်းဆွဲတိုက်ခိုက်မူတွင်မြေပြင်ရဲဘော်များ၏မျက်မြင်သတင်းပေးပို့မူများအရ စစ်​ကောင်စီတပ်သားအနည်းဆုံး(၇)ဦး သေဆုံးကြောင်း အတည်ပြုနိုင်သည်ဟု Knight Commanders( MMU) ကထုတ်ပြန်သည်။

(မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ယခင်လပိုင်းအတွင်းက ပစ်ခတ်မှုများဖြစ်ပေါ်နေ၍ ယာဥ်များရပ်တန့်စောင့်ဆိုင်းနေစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ​စစ်​ကောင်စီတပ်လှုပ်ရှားမှုကို လေးရက်ခန့်​စောင့်ကြည့်၍ မိုင်းရှင်းနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ ပ​ဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း​မြောင်မြို့နယ်​တော်လှန်​ရေးတပ်(MRA) တာဝန်ရှိသူက​ပြောသည်။

ယမန်​နေ့(မတ်လ၁၇ရက်) နံနက် ၉ နာရီခန့်က မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား လက်နက် အပြည့်အစုံနှင့် အရပ်ဝတ် စစစ်​ကောင်စီတပ်သား (၁၀)ယောက်ခန့် လာရောက် မိုင်းရှင်းလင်းရေး ပြုလုပ်စဥ် မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA)နှင့် တော်လှန်ရေးညီနောင်နှစ်ဖွဲ့ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Knight Commanders( MMU)က သတင်းထုတ်ပြန်သည်။

“ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ အလ္လကပ္ပဘက်ကလည်းလာတယ်။ ဝမ်းပြည့်ဘက်ကလည်း ဆင်းတာတွေရှိတယ်။ အရပ်ဝတ်တွေနဲ့ လာပြီး မိုင်းရှင်းလင်းရေးပုံစံမျိုး ကင်းပုန်းတွေလည်းချတတ်တယ်။ သူတို့သွားစရာလာစရာရှိရင် မြင်းမူနဲ့ ချောင်းဦးကြားတစ်လျှောက်ကို ကင်းပုန်းတွေချလေ့ရှိတယ်။ မိုင်းတွေကို မကြာခဏ ရှာဖွေလေ့ရှိတယ်။ ကျွန်တော်တို့မိုင်းနားရောက်ခါနီးမှာ အဝေးထိန်းနဲ့ဖောက်ခွဲလိုက်တာ။ သူတို့ယာယီတပ်စွဲထားတဲ့နေရာတွေကနေ ခြေကျင်လာတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ သူတို့ဒါမျိုးလှုပ်ရှားမှုတွေရှိတယ်။ ကျွန်တော်တို့လေးရက်စောင့်ခဲ့ရတယ်။”ဟု MRA တာဝန်ရှိသူကလူထု​နွေဦးသတင်းဌာနသို့ ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မူတွင်မြေပြင်ရဲဘော်များ၏မျက်မြင်သတင်းပေးပို့မူများအရ စစ်​ကောင်စီတပ်သားအနည်းဆုံး(၇)ဦး သေဆုံးကြောင်း အတည်ပြုနိုင်သည်ဟု Knight Commanders( MMU) ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Knight Commanders (MMU)သည် ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူများ အထိအခိုက်မရှိစေရန် အထူးဂရုပြု ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လှုပ်ရှားမူများကို သတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် Knight Commanders( MMU)က သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဝမ်းပြည့်ကျေးရွာ ဝမ်းစတား စားသောက်ဆိုင် အရှေ့ဘက် တွင် လှည်းနွားများဖြင့် တောင်ယာ လုပ်ငန်း လုပ်ကိုင်နေသော လူငယ်အမျိုးသားနှစ်ဦးအား အကြမ်းဖက် စစ်ကောင်စီ တပ်များက ဖမ်းဆီးသွားကြောင်း၊ စစ်ကောင်စီတပ်သည် နံနက်ပိုင်း ၇ နာရီခန့်မှစတင်ကာ မုံရွာ-မန္တလေးလမ်းပိုင်းကို အင်အား အများအပြားဖြင့် ကင်းချထားပြီး အလ္လကပ္ပ ကျေးရွာနှင့် မြင်းမူမြို့ကြားတွင်လည်း စစ်ကောင်စီ တပ်သား အင်အား ၅၀ခန့်ဖြင့် နေရာယူထားခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်သို့သွားရာ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။