Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုနယ်တွင် တပ်စွဲထား​​​သော စစ်​ကောင်စီတပ် စနိုက်ပါထိမှန်၍ ​လေးဦး​သေ

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ စနိုက်ပါအဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံရပြီးနောက် စစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟုလည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် အိုးခူးရီးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စနိုက်ပါထိမှန်ပြီး ​လေးဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ယနေ့ညပိုင်းတွင် ထုတ်ပြန် သည်။

ယနေ့(မတ်လ ၁၈ ရက်)နေ့လယ်ပိုင်းက အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့၊ လွိုင်ကော် PDF စနိုက်ပါအဖွဲ့ ၊ ဒီမောဆို PDF စနိုက်ပါအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ စနိုက်ပါအဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံရပြီးနောက် စစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟုလည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ဆိုသည်။

ပူးပေါင်းစနိုက်ပါအဖွဲ့မှ တစုံတရာထိခိုက်မှုမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၇ ရက်ကလည်း အိုးခူးရီးရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့နှင့်လွိုက်ကော် PDF စနိုက်ပါအဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook