Connect with us

Hi, what are you looking for?

News

လွိုင်​ကော်တွင် တိုက်ပွဲဖြစ်​နေ၍ ဆီဆိုင်နှင့် ဖယ်ခုံလမ်းပိုင်းကို အသုံးမပြုကြရန် ကရင်နီတပ်များသတိ​ပေး

“လွိုင်ကော် အရှေ့ဘက်ခြမ်းနဲ့ ဒီးမော့ဆို အရှေ့ခြမ်းကို စစ်ခွေးတပ်က ထိုးစစ်ဆင်ဖို့စတော့မယ်လို့ သတင်းရထားတယ်။ပြီးတော့ ရှေ့လာမယ့်ရက်တွေမှာ တိုက်ပွဲ ပြင်းထန်လာဖို့များတယ်”ဟု ၎င်းက ပြောသည်။

(လွိုင်​ကော် PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ကရက်နီပြည်နယ် လွိုင်ကော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လွိုင်ကော်- ဆီဆိုင်လမ်းနှင့် လွိုင်ကော် -ဖယ်ခုံလမ်းကို ပြည်သူများ အသွားအလာမပြုလုပ်ရန် ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၉ ရက်) နံနက် ၅နာရီ မိနစ် ၅၀ခန့်ကစ၍ လွိုင်ကော်မြို့၊စက်မှုဇုန်ရပ်ကွက်သို့ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲက သိပ်မကြာဘူး မိနစ်ပိုင်းဘဲ။စက်မှုဇုန်ရပ်ကွက်ထဲက လူနေအိမ်တစ်လုံးတော့ မီးလောင်းသွားတယ်။အသေအပျောက်တော့ မသိရသေးဘူး”ဟု လွိုင်ကော်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

ထို့အပြင် လက်ရှိ မြေပြင်အခြေအနေအရ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်မှုကြောင့် ပြည်သူများအနေဖြင့် သတိပြုရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“လွိုင်ကော် အရှေ့ဘက်ခြမ်းနဲ့ ဒီးမော့ဆို အရှေ့ခြမ်းကို စစ်ခွေးတပ်က ထိုးစစ်ဆင်ဖို့စတော့မယ်လို့ သတင်းရထားတယ်။ပြီးတော့ ရှေ့လာမယ့်ရက်တွေမှာ တိုက်ပွဲ ပြင်းထန်လာဖို့များတယ်”ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ အရာရှိကြီးများအခြေစိုက်ရာ နေပြည်တော်နယ်မြေ နှင့် တဆက်တည်းရှိသည့် ကရင်နီပြည်နယ်အတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ၏ စစ်ရေးလှုပ်ရှားမှုများကို စစ်အုပ်စုက ကြောက်လန့်နေသည်မှာ ယခုလပိုင်းစစ်ဆင်ရေးများက ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အတွဲလိုက်ဒုံးစနစ်များ၊လေယာဥ်များ၊ လက်နက်ကြီးများကို ရာနှင့်ချိီကာ နေ့စဥ်အသုံးပြုနေသည်။

ထို့အပြင် မကြာသေးမီရက်ပိုင်းက လွိုင်ကော်အခြေစိုက် ခလရ(၅၄)တပ်နှင့် (၃၆၀) အမြှောက်တပ်တို့တွင် စစ်အင်အားဖြည့်တင်းနေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။