Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်​ကော်တွင် တိုက်ပွဲဖြစ်​နေ၍ ဆီဆိုင်နှင့် ဖယ်ခုံလမ်းပိုင်းကို အသုံးမပြုကြရန် ကရင်နီတပ်များသတိ​ပေး

“လွိုင်ကော် အရှေ့ဘက်ခြမ်းနဲ့ ဒီးမော့ဆို အရှေ့ခြမ်းကို စစ်ခွေးတပ်က ထိုးစစ်ဆင်ဖို့စတော့မယ်လို့ သတင်းရထားတယ်။ပြီးတော့ ရှေ့လာမယ့်ရက်တွေမှာ တိုက်ပွဲ ပြင်းထန်လာဖို့များတယ်”ဟု ၎င်းက ပြောသည်။

(လွိုင်​ကော် PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ကရက်နီပြည်နယ် လွိုင်ကော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လွိုင်ကော်- ဆီဆိုင်လမ်းနှင့် လွိုင်ကော် -ဖယ်ခုံလမ်းကို ပြည်သူများ အသွားအလာမပြုလုပ်ရန် ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၉ ရက်) နံနက် ၅နာရီ မိနစ် ၅၀ခန့်ကစ၍ လွိုင်ကော်မြို့၊စက်မှုဇုန်ရပ်ကွက်သို့ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲက သိပ်မကြာဘူး မိနစ်ပိုင်းဘဲ။စက်မှုဇုန်ရပ်ကွက်ထဲက လူနေအိမ်တစ်လုံးတော့ မီးလောင်းသွားတယ်။အသေအပျောက်တော့ မသိရသေးဘူး”ဟု လွိုင်ကော်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

ထို့အပြင် လက်ရှိ မြေပြင်အခြေအနေအရ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်မှုကြောင့် ပြည်သူများအနေဖြင့် သတိပြုရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“လွိုင်ကော် အရှေ့ဘက်ခြမ်းနဲ့ ဒီးမော့ဆို အရှေ့ခြမ်းကို စစ်ခွေးတပ်က ထိုးစစ်ဆင်ဖို့စတော့မယ်လို့ သတင်းရထားတယ်။ပြီးတော့ ရှေ့လာမယ့်ရက်တွေမှာ တိုက်ပွဲ ပြင်းထန်လာဖို့များတယ်”ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ အရာရှိကြီးများအခြေစိုက်ရာ နေပြည်တော်နယ်မြေ နှင့် တဆက်တည်းရှိသည့် ကရင်နီပြည်နယ်အတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ၏ စစ်ရေးလှုပ်ရှားမှုများကို စစ်အုပ်စုက ကြောက်လန့်နေသည်မှာ ယခုလပိုင်းစစ်ဆင်ရေးများက ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အတွဲလိုက်ဒုံးစနစ်များ၊လေယာဥ်များ၊ လက်နက်ကြီးများကို ရာနှင့်ချိီကာ နေ့စဥ်အသုံးပြုနေသည်။

ထို့အပြင် မကြာသေးမီရက်ပိုင်းက လွိုင်ကော်အခြေစိုက် ခလရ(၅၄)တပ်နှင့် (၃၆၀) အမြှောက်တပ်တို့တွင် စစ်အင်အားဖြည့်တင်းနေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။