Connect with us

Hi, what are you looking for?

News

ဆောမြို့ဦးတည်လာသော စစ်ကောင်စီတပ်ကို လက်ဦးမှုရယူတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးခန့်သေဟု လောင်းရှည် PDF ပြော

တိုက်ပွဲသည် တစ်ဖက်နှင့် တဖက်ပေ(၁၀၀)ခန့်သာ ကွာဝေးသောကြောင့် အလွန်ပြင်းထန်ပီး LSRPDFမှ ရဲဘော်များ ရဲဝံ့စွန့်စားကာ လက်ဦးမှုယူနိုင်သဖြင့် စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(LSRPDF ရဲဘော်လူငယ်များကို တွေ့ရစဥ်)

မကွေးတိုင်း လောင်းရှည်မြို့မှ ဆောမြို့သို့ဦးတည်ထွက်ခွာလာသော စစ်ကောင်စီတပ်ကို လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးခန့်သေဆုံးကြောင်း လောင်းရှည် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၉ရက်) နံနက် ၆နာရီခန့်တွင် အင်အား ၅၀ကျော်ခန့်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်သည် လောင်းရှည်မြို့မှတဆင့် PDFများကိုရှောင်ကာ ခိုးကြောင်ခိုးဝှက် စစ် ကြောင်းထွက်လာကြသည်ဟု ဆိုသည်။

စစ်ကောင်စီခြေလျင်တပ်၏ လမ်းကြောင်းအရ လောင်းရှည် မြို့မှ သင်းကွဲတောင် ၊ လပို့တောင်တန်းနှင့် သံပုရာတောင်ကြောကို ဖြတ်၍ ဆောမြို့သို့သွားမည်ဟု LSRPDF က ယူဆသည်။

ထို့ကြောင့် စစ်ကောင်စီခြေလျင်တပ်လာမည့် လမ်းကြောင်းကို တွက်ဆနေရာယူပြင်ဆင်ကာ နံနက်၉နာရီဝန်းကျင်တွင် လပို့တောင် ဘုရားအနောက်ဘက်ခြမ်း ခင်ကြော၌ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသည် တစ်ဖက်နှင့် တဖက်ပေ(၁၀၀)ခန့်သာ ကွာဝေးသောကြောင့် အလွန်ပြင်းထန်ပီး LSRPDFမှ ရဲဘော်များ ရဲဝံ့စွန့်စားကာ လက်ဦးမှုယူနိုင်သဖြင့် စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နှစ်ဖက်ထိ​တွေ့ တိုက်ပွဲသည် ၁နာရီခန့်ကြာ မြင့်ခဲ့ပြီး LSRPDFမှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

“အခုတိုက်ခံရတဲ့ စခတပ်က သီကုန်းနယ်ထဲ ရှေ့ဆက်သွားနေကြပါတယ်။ ဆော pdf နယ်ပေါ့ ။သူတို့နဲ့လည်းပူးတွဲတိုက်ပွဲ ဝင်သွားဖို့ရှိပါတယ်”ဟု LSRPDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ