Connect with us

Hi, what are you looking for?

News

မှန်​​တောရွာတိုက်ပွဲတွင် CDF-KKG မှရဲ​​ဘော်တစ်ဦးကျဆုံး

မောင်နိုင်လင်းအောင်သည် စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူလူထုကာကွယ်ရေးနှင့်ဖက်ဒရယ်ဒီမိုက​ရေစီတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်ဟုလည်း ဂုဏ်ပြုထားသည်။

ကလေးမြို့နယ်၊ မှန်တောရွာတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်မောင်နိုင်လင်းအောင် ကျဆုံးခဲ့ရပြီးတော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများအပေါ် လေးစားဂုဏ်ပြုပါကြောင်း Chinland Defense Force – Kalay Kabaw Gangaw ။ တပ်ရင်း (၄) က သတင်းထုတ်ပြန်ထားသည်။

ကလေးဒေသတွင် ယခုရက်ပိုင်းတိုက်ပွဲအပြင်းအထန်ဖြစ်နေပြီးချင်းပြည်ကာကွယ်​ရေးတပ်CDF(က​လေး၊က​ဘော်၊ဂန့်​ဂေါ) တပ်ရင်း (၄) မှ တပ်ဖွဲ့ဝင်မောင်နိုင်လင်းအောင်
သည် မတ်လ ၁၈ရက်တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းပြီးဂုဏ်ရောင်ပြောင်ဝင်းစွာကျဆုံးသွားခဲ့ပါသည်။မောင်နိုင်လင်းအောင်၏ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများအပေါ် မိမိတို့ CDF-KKG မှ လေးစားဂုဏ်ပြုပါကြောင်း နှင့် ကျန်ရစ်သူမိသားစု နှင့် အတူတကွ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်” ဟု ယနေ့(မတ် ၁၉ရက်)ထုတ်ပြန်သည်။

မောင်နိုင်လင်းအောင်သည် စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူလူထုကာကွယ်ရေးနှင့်ဖက်ဒရယ်ဒီမိုက​ရေစီတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်ဟုလည်း ဂုဏ်ပြုထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ကလေးမြို့နယ်မှ ကျေးရွာအများစုကို ထိုးစစ်ဆင်နေပြီး ချင်းတောင်သို့ ဆက်သွယ်ရာတွင် အဓိက ကျသည့် ရွာများကို ဦးတည်တိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကလည်းပူး​ပေါင်းခုခံတိုက်ခိုက်​နေရာ စစ်ကောင်စီဘက်က အထိနာနေသည်။ထို​ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပိုမိုပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း