Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း အရေးမှာ ရပ်တည်မှု မှန်တယ်ဆိုတာ သမိုင်းက သက်သေပြလိမ့်မယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးပြော

ဝမ်က တရုတ်ဟာ စစ်ကို ဆန့်ကျင်တဲ့ နိုင်ငံအဖြစ် ရည်ညွှန်းသွားပေမယ့် လက်တွေ့မှာတော့ လိုအပ်လာရင် ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးပြီး သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း တရုတ် အစိုးရက အစဉ်တစိုက် ခြိမ်းခြောက်ထားပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲမှာ တရုတ်ရဲ့ ရပ်တည်ချက်က မှန်ကန်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေပြသွားလိမ့်မယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ယူကရိန်း နိုင်ငံကို ရုရှားက ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို ရှုတ်ချတဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ တရုတ်က ကြားနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စစ်ပွဲ ရပ်တန့်ဖို့အတွက် စေ့စပ် ဆွေးနွေးရေး လမ်းကြောင်းကိုပဲ ရွေးချယ်သင့်တယ်လို့ တရုတ်က တွင်တွင်ပြောနေပေမယ့် လက်တွေ့မှာတော့ ရုရှားကို အကူအညီပေးဖို့ လိုလားနေကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။

ဝန်ကြီး ဝမ်ယီကတော့ တရုတ် အနေနဲ့ ကိုယ်ပိုင် ဆုံးဖြတ် ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဘယ်လို ပြည်ပ စွက်ဖက်မှု၊ ဖိအားပေးမှု၊ စွပ်စွဲမှုတွေကိုမှ လက်ခံမှာ မဟုတ်ကြောင်း အမေရိကန်ကို တုံ့ပြန်ခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ယူကရိန်း ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့လည်း ဖုန်းဆက် ဆွေးနွေးခဲ့ကြပါသေးတယ်။ တရုတ်ရဲ့ မူဝါဒဟာ စစ်ပွဲကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကိုပဲ အမြဲတမ်း အားပေး ထောက်ခံမှာဖြစ်ကြောင်း၊ တရုတ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ ပါဝင်ကူညီတဲ့ အင်အားစု တစ်ခုအနေနဲ့ပဲ အမြဲ ရပ်တည်ကြောင်း ရှီက ဘိုင်ဒန်ဆီ အသိပေးခဲ့တယ်လို့လည်း ဝမ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ရဲ့ ရည်မှန်းချက်နဲ့ ရပ်တည်မှုတွေက မျှတကြောင်း၊ ယူကရိန်း အရေးမှာလည်း တရုတ်ဟာ မှန်ကန်တဲ့ ရွေးချယ်မှုမျိုးနဲ့ ရပ်တည်ခဲ့တယ်ဆိုတာ သမိုင်းက မှတ်ကျောက် တင်သွားမှာဖြစ်ကြောင်း ဝမ်က ပြောကြားသွားပါတယ်။

ဝမ်က တရုတ်ဟာ စစ်ကို ဆန့်ကျင်တဲ့ နိုင်ငံအဖြစ် ရည်ညွှန်းသွားပေမယ့် လက်တွေ့မှာတော့ လိုအပ်လာရင် ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးပြီး သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း တရုတ် အစိုးရက အစဉ်တစိုက် ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

Facebook