Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ် လူမျိုးသုဉ်းသတ်ဖြတ်​ကျူးလွန်ကြောင်း အမေရိကန်သတ်မှတ်ဆုံးဖြတ်မှု ICJ၊ ICC အပါအဝင် နိုင်ငံတကာတရားစီရင်ရေးများတွင် အထောက်အပံ့ဖြစ်မည်ဟု CRPH ယုံကြည်

လက်ရှိကျူးလွန်နေဆဲ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများသည် ရိုဟင်ဂျာများအပေါ် အလားတူရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော၊ ကျူးလွန်နေဆဲဖြစ်သော စစ်တပ်ပင်ဖြစ်သည်ကို ထပ်မံမီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး အဆိုပါရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ခြင်းမရှိစေရန် တားဆီးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြိုးစားပေးကြရန် CRPH က တောင်းဆိုသည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အမေရိကန်၏ သတ်မှတ်ချက်သည် ICJ ၊ ICC အပါအဝင် နိုင်ငံတကာတရားရေးအဖွဲ့အစည်းများ၌ တရားမျှတမှုရှာဖွေရေးအတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်သည်။

သက်သေများ၊ အထောက်အထားများနှင့် နိုင်ငံတကာ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာများအပေါ် အခြေခံ၍ မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ ဆုံးဖြတ်သတ်မှတ်မှုအပေါ် CRPH က ကြိုဆိုသည်။

လက်ရှိကျူးလွန်နေဆဲ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများသည် ရိုဟင်ဂျာများအပေါ် အလားတူရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော၊ ကျူးလွန်နေဆဲဖြစ်သော စစ်တပ်ပင်ဖြစ်သည်ကို ထပ်မံမီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး အဆိုပါရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ခြင်းမရှိစေရန် တားဆီးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြိုးစားပေးကြရန် CRPH က တောင်းဆိုသည်။

ထို့အပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသားများအပေါ် ကျူးလွန်လျှက်ရှိသော ကျူးကျော်သူများ၏ ရာဇဝတ်မှုများကို ဝိုင်းဝန်းဆန့်ကျင်ဟန့်တားနေကြသည့်နည်းတူ မြန်မာနိုင်ငံရှိ အာဏာရှင်များ၏ လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိခြင်းကိုလည်း မေ့လျော့ပစ်ပယ်ထားခြင်းမရှိဘဲ ဆက်လက်အရေးယူဆောင် ရွက်သွားရန် CRPHက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။