Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာစစ်တပ် လူမျိုးသုဉ်းသတ်ဖြတ်​ကျူးလွန်ကြောင်း အမေရိကန်သတ်မှတ်ဆုံးဖြတ်မှု ICJ၊ ICC အပါအဝင် နိုင်ငံတကာတရားစီရင်ရေးများတွင် အထောက်အပံ့ဖြစ်မည်ဟု CRPH ယုံကြည်

လက်ရှိကျူးလွန်နေဆဲ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများသည် ရိုဟင်ဂျာများအပေါ် အလားတူရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော၊ ကျူးလွန်နေဆဲဖြစ်သော စစ်တပ်ပင်ဖြစ်သည်ကို ထပ်မံမီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး အဆိုပါရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ခြင်းမရှိစေရန် တားဆီးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြိုးစားပေးကြရန် CRPH က တောင်းဆိုသည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အမေရိကန်၏ သတ်မှတ်ချက်သည် ICJ ၊ ICC အပါအဝင် နိုင်ငံတကာတရားရေးအဖွဲ့အစည်းများ၌ တရားမျှတမှုရှာဖွေရေးအတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်သည်။

သက်သေများ၊ အထောက်အထားများနှင့် နိုင်ငံတကာ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာများအပေါ် အခြေခံ၍ မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ ဆုံးဖြတ်သတ်မှတ်မှုအပေါ် CRPH က ကြိုဆိုသည်။

လက်ရှိကျူးလွန်နေဆဲ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများသည် ရိုဟင်ဂျာများအပေါ် အလားတူရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော၊ ကျူးလွန်နေဆဲဖြစ်သော စစ်တပ်ပင်ဖြစ်သည်ကို ထပ်မံမီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး အဆိုပါရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ခြင်းမရှိစေရန် တားဆီးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြိုးစားပေးကြရန် CRPH က တောင်းဆိုသည်။

ထို့အပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသားများအပေါ် ကျူးလွန်လျှက်ရှိသော ကျူးကျော်သူများ၏ ရာဇဝတ်မှုများကို ဝိုင်းဝန်းဆန့်ကျင်ဟန့်တားနေကြသည့်နည်းတူ မြန်မာနိုင်ငံရှိ အာဏာရှင်များ၏ လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိခြင်းကိုလည်း မေ့လျော့ပစ်ပယ်ထားခြင်းမရှိဘဲ ဆက်လက်အရေးယူဆောင် ရွက်သွားရန် CRPHက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။