Connect with us

Hi, what are you looking for?

News

အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရုံးဖောက်ခွဲတိုက်ခိုက်ခံရ

ဖော့ကန်ရပ်ရပ်ကွက်ရုံးအား ဖောက်ခွဲတိုက် ခိုက်ရာတွင် ပေါက်ကွဲအားပြင်းထန်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

(တိုက်ခိုက်ခံရ​သော ​ဖော့ကန်ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး။ ဓါတ်ပုံ-​ပေးပို့)

အင်းစိန်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဖော့ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း From Zero To Hero(ZTH)ပြောက်ကျားတပ်ဖွဲ့က ယနေ့(မတ် ၂၅)ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀ နာရီခွဲတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖောက်ခွဲတိုက်ခိုက်မှုတွင် ဗုံးနှစ်လုံးအား အယောင်ဆောင်ထားရှိပြီး စစ်ကောင်စီတပ်များရောက်ရှိလာချိန်မှ အခြားဗုံးတစ်လုံးဖြင့် အချိန်ကိုက်ဖောက်ခွဲခဲ့ခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

ဖော့ကန်ရပ်ရပ်ကွက်ရုံးအား ဖောက်ခွဲတိုက် ခိုက်ရာတွင် ပေါက်ကွဲအားပြင်းထန်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ထိထိမိမိ ဖောက်ခွဲလိုက်နိုင်တဲ့အတွက် ကျေ နပ်တယ်”ဟု ZTH ပြောက်ကျားတပ်မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ZTH အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ၎င်း၏ ​ဒေါက်တိုင်များသာမက ခေတ်ပျက်စနစ်ဆိုးကိုအခွင့်ကောင်းယူပြီး ခိုး၊ ဆိုး၊ လု၊ နှိုက်ကလေးများကို ခိုင်းစားမှုများရှိနေပြီး ထိုလုပ်ရပ်များအား တွေ့ရှိပါက သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။