Connect with us

Hi, what are you looking for?

News

ပတ္တာဧရာဝတီဆိပ်ကမ်းတွင် တပ်စွဲ​သော​သောစစ်​ကောင်စီတပ်ကို PDFသုံးဖွဲ့ တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီး ( ၃ ) ချက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း 27revolutionforce ကအသိပေးသည်။

(မြင်းခြံမြို့နယ် အတွင်းရှိ ပတ္တာဆိပ်ကမ်း ။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဧရာဝတီမြစ်ဆိပ်ကမ်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူရှိနိုင်ကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

မတ်လ ၂၅ ရက် နံနက် ၉ နာရီခန့်က မြင်းခြံခရိုင်၊ပတ္တာဆိပ်ကမ်း၌ တပ်စွဲထားသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော 27 Revolution Force ၊မြေလတ်-PDF MGN District၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ MSPDF စသည့်မဟာမိတ် ( ၃ ) ဖွဲ့တို့မှ ဒုံး၂လုံးပစ်လွှတ်တိုက်ခိုက်ခဲ့ရာ ၇ ဦးခန့်သေဆုံးနိုင်ကြောင်း ၎င်းအဖွဲ့များက ခန့်မှန်းကြပြီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း 27 Revolution Forceသတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီး ( ၃ ) ချက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း 27revolutionforce ကအသိပေးသည်။

“ရေယာဥ်မဟုတ်ပါ ဆိပ်ကမ်းမှာ ကတုတ်ကျင်း ဘန်ကာတွေ အခိုင်အမာနဲ့တပ်စွဲထားတာပါ။ဘန်ကာ ၃ ခုမှာ ၂ ခုက ၆၀ မမတွေထားရှိပြီး ၁ ခုက စက်လတ်တစ်ခုနဲ့ အခိုင်အမာလုပ်ဆောင်ထားကြတာပါ။ကျွန်တော်တို့ဘက်က ပထမတစ်ချက်ထုတာမှာ စက်လတ် ဆင်ထားတဲ့ဘန်ကာထိမှန်သွားပြီး နောက်တစ်ချက်ထပ်ထုတာမှာ စခတွေ စုပြုံနေထိုင်တဲ့သစ်ပင်အောက် တိုက်ရိုက်ထိမှန်သွားခဲ့တာမို့ မုန့်ဟင်းခါး ပွဲရေများရခြင်းဖြစ်ပါတယ်။”ဟု 27 Revolution Force တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိ​သေးဘဲ ၊စစ်​ကောင်စီက ၎င်းတို့ဘက်မှထိ့ခိုက်​သေဆုံးမှုများကိုထုတ်ပြန်​လေ့မရှိ​ပေ။

မတ်လ ၂၄ရက်ည ၇နာရီဝန်းကျင်ခန့်ကလည်းမြင်းခြံမြို့၊အမှတ် (၅) ရပ်ကွက်တွင်ရှိသောEPCရုံးသို့မဟာမိတ်အဖွဲ့ များဖြစ်သည့် 27Revolution Force၊ Seven People Defense Force နှင့်TTA ပြောက်ကျား တို့ ( ၃ )ဖွဲ့ပူးပေါင်း ပစ်ခတ်ခဲ့ရာ စစ်သားတစ်ယောက်သေဆုံးနိုင်ကာနောက်ထပ်စစ်သားတစ်ဦးထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

မြင်းခြံမြို့သည် မန္တလေးတိုင်းအတွင်း တစ်မြို့တည်းသောမိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရသည့်မြို့တစ်မြို့ဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီ၏ဖိနှိပ်မှုပြင်းထန်စွာခံနေရကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်းခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook