Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်တွင် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား မဟာမိတ်သုံးဖွဲ့ပေါင်းတိုက်ခိုက်

မကွေးတိုင်း ပေါက်မြို့နယ်တွင် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ပေါက်နှင့်ပခုက္ကူPDF မဟာမိတ်သုံးဖွဲ့ပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သား ဦးလေးနှင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက အသိပေးထုတ်ပြန်သည်။

စစ်သား ဦးလေးနှင့် ပျူစောထီးတစ်ဦးသေဆုံး

ယမန်နေ့ (မတ်လ ၂၆ ရက်)နံနက် ၅ နာရီခွဲခန့်က ပေါက်မြို့နယ်၊ ကုက္ကိုစုရွာ ဘုန်းကြီးကျောင်း ၌ တပ်စွဲထား၍ ပြည်သူလူထု၏ အသက်အိုးအိမ်၊စည်းစိမ်ကို နေ့စဥ်နှင့်အမျှ လုယက် သတ်ဖြတ်နေသော ရဲ၊စစ်သားနှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ပေါက်မြို့နယ်၊ ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)နှင့် Pakokku Generation Z မဟာမိတ် တပ်ပေါင်းစုတို့ပူးပေါင်း၍ လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်ပြီး မိနစ် ၃၀ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ စစ်သား လေးဦးနှင့် ပျူစောထီး တစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့အနေဖြင့် အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း ပခုက္ကူတော်လှန်ရေးတပ်ဦး(PRF)က ထုတ်ပြန်သည်။

“ကုက္ကိုစုရွာမှာက တစ်ရွာလုံးနီးပါးလောက်က ပျူတွေ၊ တပ်စွဲထားတာလည်း တော်တော် ကြာပြီ။ အခွင့်မသာသေးလို့ဒီအတိုင်းကြည့်နေရတာ။ မနေ့ကကျ အခွင့်သာ တာနဲ့သွားပြီး တိုက်လိုက်တာ။ နာရီဝက်လောက်တိုက်ပွဲဖြစ်လိုက် တယ်။ ပေါက်၊ ရေပြာဘက် ကနေ စစ်ကူ စစ်ကားတွေ ရောက်လာလို့ ပြန်ပြီးဆုတ်ခဲ့တယ်။လက်လုပ် ၆၀ မမနဲ့ လေးချက်လောက် ပစ်ကူပေးပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ မြိုင်၊ ကမ္မဘက်တွေ၊ ပေါက်ဘက်တွေ တချို့မှာ စစ်တပ်ကိုအားကိုးပြီးတော့ စစ်တပ်ကိုမျက်နှာမူပြီး ပြည်သူကို ပုန်ကန်တဲ့အဖွဲ့တွေ ရှိတယ်။ ဒီလိုအဖွဲ့တွေကို ကျွန်တော်တို့က တာဝန်အရတော့ ဝင်ပြီးတော့ တိုက်နေဦးမှာပဲ။”ဟု ပခုက္ကူတော်လှန်ရေး တပ်ဦး(PRF)မှ သတင်းတာဝန်ခံ ရဲဘော်လျှပ်စီးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ရက်ကလည်း နံနက်ပိုင်းက ပေါက်မြို့နယ်၊ သီးခြောက်ရွာရှိ စစ်ကောင်စီ သတင်းပေး အမျိုးသားတစ်ဦးအား ပခုက္ကူတော်လှန်ရေး တပ်ဦး (P.R.F) နှင့် Pakokku Generation Z တို့ ပါဝင်သော မဟာမိတ်ညီနောင် နှစ်ဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook