Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည် ကွာရင်းတင်းဝင်နေရ

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ ရုံးချိန်းကိုရောက်မလာသလို ဒီနေ့ ရုံးချိန်းကို လည်းရောက်မလာခဲ့ပါဘူး။

ဓာတ်ပုံ − ရိုက်တာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနီးအနားကသူတွေ ကိုဗစ်ကူးစက်ခံရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကွာရင်းတင်းဝင်နေရတယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ကွာရင်းတင်းဝင်နေရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကူးစက်ခံရမှုမရှိဘူးလို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ ရုံးချိန်းကိုရောက်မလာသလို ဒီနေ့ ရုံးချိန်းကို လည်းရောက်မလာခဲ့ပါဘူး။

ဒါကြောင့် စုံစမ်းကြည့်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ကွာရင်းတင်းဝင်နေရတယ်လို့သိရပြီး မနက်ဖြန် ရုံးချိန်းကိုလည်းလာရောက်နိုင်မှာမဟုတ်ဘူးလို့ တရားရုံးနဲ့နီးစပ်သူက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

တရားရုံးက ဒီနေ့နဲ့မနက်ဖြန်ရုံးချိန်းတွေကို လာမယ့်အပတ် တနင်္လာနဲ့ အင်္ဂါနေ့တွေကို ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 38

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။