Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည် ကွာရင်းတင်းဝင်နေရ

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ ရုံးချိန်းကိုရောက်မလာသလို ဒီနေ့ ရုံးချိန်းကို လည်းရောက်မလာခဲ့ပါဘူး။

ဓာတ်ပုံ − ရိုက်တာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနီးအနားကသူတွေ ကိုဗစ်ကူးစက်ခံရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကွာရင်းတင်းဝင်နေရတယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ကွာရင်းတင်းဝင်နေရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကူးစက်ခံရမှုမရှိဘူးလို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ ရုံးချိန်းကိုရောက်မလာသလို ဒီနေ့ ရုံးချိန်းကို လည်းရောက်မလာခဲ့ပါဘူး။

ဒါကြောင့် စုံစမ်းကြည့်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ကွာရင်းတင်းဝင်နေရတယ်လို့သိရပြီး မနက်ဖြန် ရုံးချိန်းကိုလည်းလာရောက်နိုင်မှာမဟုတ်ဘူးလို့ တရားရုံးနဲ့နီးစပ်သူက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

တရားရုံးက ဒီနေ့နဲ့မနက်ဖြန်ရုံးချိန်းတွေကို လာမယ့်အပတ် တနင်္လာနဲ့ အင်္ဂါနေ့တွေကို ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။