Connect with us

Hi, what are you looking for?

News

မင်းကင်းမြို့နယ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ငါးဦးသေဟုဆို

ယခုရက်ပိုင်းအတွင်း ကနီမြို့နယ်အပါအဝင် မင်းကင်းနယ် တောင်တွင်းချောင်ဒေသ၌ တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားလျှက်ရှိရာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့များတွင် ခဲယမ်းနှင့် ကျည်ဖိုးများ လိုအပ်ချက်များလာနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG – PDFက ယနေ့(မတ် ၂၈) ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀ နာရီခန့်တွင် တောင်တွင်းချောင်ဒေသ ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို KLG – PDF နှင့် မဟာမိတ်များဖြစ်သော ရွေသမင်မုဆိုး၊ TDPDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မနက်ခင်း ၁၀ နာရီလောက်ကစပြီး ကျွန်တော်တို့အဖွဲ့တွေ စနိုက်ပါနဲ့ သွားပစ်ကြတာဗျ။ စကစဘက်က လက်နက်ကြီးနဲ့ ပြန်ပြစ်လို့ ခဏပြန်ခဲ့တယ်ဗျ။ လက်နက်ကြီးပစ်တာငြိမ်သွားမှ နောက်ကြိမ်သွားပြီး ထပ်ပစ်တာ အားလုံးငါးကောင်သေတယ်”ဟု KLG – PDF မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကနီမြို့နယ်အပါအဝင် မင်းကင်းနယ် တောင်တွင်းချောင်ဒေသ၌ တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားလျှက်ရှိရာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့များတွင် ခဲယမ်းနှင့် ကျည်ဖိုးများ လိုအပ်ချက်များလာနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဒေသအတွင်းဖြစ်ပွားသော တိုက်ပွဲများတွင် ယခုမတ်လအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီး ၄၀ ဦးခန့်ကိုလည်း သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း KLG – PDF က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။