Connect with us

Hi, what are you looking for?

News

မင်းကင်းမြို့နယ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ငါးဦးသေဟုဆို

ယခုရက်ပိုင်းအတွင်း ကနီမြို့နယ်အပါအဝင် မင်းကင်းနယ် တောင်တွင်းချောင်ဒေသ၌ တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားလျှက်ရှိရာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့များတွင် ခဲယမ်းနှင့် ကျည်ဖိုးများ လိုအပ်ချက်များလာနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG – PDFက ယနေ့(မတ် ၂၈) ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀ နာရီခန့်တွင် တောင်တွင်းချောင်ဒေသ ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို KLG – PDF နှင့် မဟာမိတ်များဖြစ်သော ရွေသမင်မုဆိုး၊ TDPDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မနက်ခင်း ၁၀ နာရီလောက်ကစပြီး ကျွန်တော်တို့အဖွဲ့တွေ စနိုက်ပါနဲ့ သွားပစ်ကြတာဗျ။ စကစဘက်က လက်နက်ကြီးနဲ့ ပြန်ပြစ်လို့ ခဏပြန်ခဲ့တယ်ဗျ။ လက်နက်ကြီးပစ်တာငြိမ်သွားမှ နောက်ကြိမ်သွားပြီး ထပ်ပစ်တာ အားလုံးငါးကောင်သေတယ်”ဟု KLG – PDF မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကနီမြို့နယ်အပါအဝင် မင်းကင်းနယ် တောင်တွင်းချောင်ဒေသ၌ တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားလျှက်ရှိရာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့များတွင် ခဲယမ်းနှင့် ကျည်ဖိုးများ လိုအပ်ချက်များလာနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဒေသအတွင်းဖြစ်ပွားသော တိုက်ပွဲများတွင် ယခုမတ်လအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီး ၄၀ ဦးခန့်ကိုလည်း သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း KLG – PDF က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။