Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့်အဖွဲ့ကို စစ်ကူလာသည့် စစ်ကောင်စီတပ် ထပ်မံမိုင်းဆွဲခံရ၍ ​သေဆုံးမှုများ

ယနေ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်နှစ်ခုစလုံးတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့ကြောင်းလည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က အသိပေးသည်။

(ရေစကြိုမြို့နယ် တစ်နေရာ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)မှ အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၅) သင်တန်းဆင်းပွဲအခမ်းနားကို မတ်လ၂၈ရက်က ကျင်းပ​နေစဥ်၊ ဓါတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်)

မ​ကွေးတိုင်း ရေစကြိုမြို့နယ် ဆင်ချောင်းရွာနှင့် ဇီးကုန်းရွာကြားတွင် မိုင်းဆွဲခံရ၍ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့ပြီး စစ်ကူလာသည့် စစ်ကောင်စီကားလေးစီးပါ ထပ်မံမိုင်းဆွဲခံရပြီး သေဆုံးသူများပြားကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က အသိ​ပေးထုတ်ပြန်သည်။

“အခု ဆင်ချောင်းရွာနဲ့ ဇီးကုန်းရွာဆိုတာ ပျူရွာတွေဗျ။ဒီကောင်တွေက မလုပ်နိုင်ပါဘူးဆိုပြီး တွက်ဆပြီးထွက်လာတာ။ကျွန်တော်တို့ကလည်း အသင့်ကို စောင့်နေတာ။ပြီးတော့ ဒီကောင်တွေက စစ်ကားကို မသုံးဘူး ဟိုက်ဂျက်ကားသုံးပြီးလာတာ”ဟု ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်မှ ရဲဘော်ဝေကြီးက People’s Springသို့ ပြောသည်။

Public Service Announcement

ပထမတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှုကို ယနေ့(မတ်လ၂၉ရက်)နံနက် ၁၁ နာရီခန့်က မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကား တစ်စီးမှာထိခိုက်ပျက်စီးပြီး မိုင်းဆွဲခံရသည့်နေရာ၌ပင်ကားပေါ်ပါသူ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ငါးဦးခန့် အပြင်းအထန်ဒဏ်ရာရရှိသည်ဟု ၎င်းက ဆိုသည်။

ထို့နောက် နေ့လယ် ၁နာရီခန့်တွင် မိုင်းဆွဲခံရသည့် ကားနှင့် သေဆုံးဒဏ်ရာရသူများကို စစ်ကောင်စီက ကားလေးစီးဖြင့် လာရောက်သယ်ယူချိန်၌ မိုင်းနှစ်လုံးထပ်ဆွဲခဲ့သည်။

Public Service Announcement

Public Service Announcement

“အဲဒီဖြစ်စဥ်မှာ ပိုများနိုင်တယ်။ကျွန်တော်တို့ အတည်အကျ သတင်းမရသေးလို့သာ မထုတ်ပြန်သေးတာ။ကားလေးစီးလုံးနေရပ်မှာ ထိုးရပ်သွားတာ။မိုင်းဆွဲခံရပြီးတော့ စခတွေက ပြန်ပစ်တာတွေတော့ ရှိတယ်”ဟု ရဲဘော်ဝေကြီးက ရှင်းပြသည်။

ယနေ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်နှစ်ခုစလုံးတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့ကြောင်းလည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။