Connect with us

Hi, what are you looking for?

News

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်းအားဖြည့်တင်းနေ၍ ဘေးလွတ်ရာတိမ်းရှောင်ရသူ ၃,၀၀၀ ကျော်ရှိ

ဒေသတွင်းစစ်ရေး အခြေအနေများကြောင့် ဒေသခံများအပြေးအလွှားတိမ်းရှောင်နေကြရပြီး ၎င်းတို့အတွက် မည်သည့်အရာများ လိုအပ်သည်ဆိုခြင်းကို ပြောဆိုရန် ခက်ကြောင်း ယင်းတာဝန်ရှိသူက ဆက်ပြောသည်။

တနသ်ာရီတိုင်း သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ကျေးရွာများသို့ ဝင်ရောက်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာရှောင်နေကြရကြောင်း ဒေါနတနသ်ာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ယနေ့(မတ် ၃၀) ထုတ်ပြန်သည်။

ယနေ့နံနက်အစောပိုင်းတွင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်းအားဖြည့်တင်း၍ စစ်ရေးပြင်ဆင်နေခြင်းဖြစ်ပြီး ဒေသခံပြည်သူ ၃,၀၀၀ကျော် ဘေးလွတ်ရာရှောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

“စစ်ရေးအခြေအနေကတော့ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တင်းမာနေပြီးတော့ ဘယ်ချိန်မဆို ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်ခင်​ဗျာ”ဟု ဒေါနတနသ်ာရီ စစ်ဘေးရှောင်များ အထောက်ကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

ဒေသတွင်းစစ်ရေး အခြေအနေများကြောင့် ဒေသခံများအပြေးအလွှားတိမ်းရှောင်နေကြရပြီး ၎င်းတို့အတွက် မည်သည့်အရာများ လိုအပ်သည်ဆိုခြင်းကို ပြောဆိုရန် ခက်ကြောင်း ယင်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ဒေါနတနင်္သာရီအဖွဲ့သားများမှ ဒေသခံများနှင့်ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူများကို လိုအပ်သော ကျန်းမာရေးပြုစုစောင့်ရှောက်မှုများနှင့် ကူညီစောင့်ရှောက်မှုများကို ပြုလုပ်ပေးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။