Connect with us

Hi, what are you looking for?

News

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်းအားဖြည့်တင်းနေ၍ ဘေးလွတ်ရာတိမ်းရှောင်ရသူ ၃,၀၀၀ ကျော်ရှိ

ဒေသတွင်းစစ်ရေး အခြေအနေများကြောင့် ဒေသခံများအပြေးအလွှားတိမ်းရှောင်နေကြရပြီး ၎င်းတို့အတွက် မည်သည့်အရာများ လိုအပ်သည်ဆိုခြင်းကို ပြောဆိုရန် ခက်ကြောင်း ယင်းတာဝန်ရှိသူက ဆက်ပြောသည်။

တနသ်ာရီတိုင်း သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ကျေးရွာများသို့ ဝင်ရောက်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာရှောင်နေကြရကြောင်း ဒေါနတနသ်ာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ယနေ့(မတ် ၃၀) ထုတ်ပြန်သည်။

ယနေ့နံနက်အစောပိုင်းတွင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်းအားဖြည့်တင်း၍ စစ်ရေးပြင်ဆင်နေခြင်းဖြစ်ပြီး ဒေသခံပြည်သူ ၃,၀၀၀ကျော် ဘေးလွတ်ရာရှောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

“စစ်ရေးအခြေအနေကတော့ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တင်းမာနေပြီးတော့ ဘယ်ချိန်မဆို ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်ခင်​ဗျာ”ဟု ဒေါနတနသ်ာရီ စစ်ဘေးရှောင်များ အထောက်ကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

ဒေသတွင်းစစ်ရေး အခြေအနေများကြောင့် ဒေသခံများအပြေးအလွှားတိမ်းရှောင်နေကြရပြီး ၎င်းတို့အတွက် မည်သည့်အရာများ လိုအပ်သည်ဆိုခြင်းကို ပြောဆိုရန် ခက်ကြောင်း ယင်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ဒေါနတနင်္သာရီအဖွဲ့သားများမှ ဒေသခံများနှင့်ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူများကို လိုအပ်သော ကျန်းမာရေးပြုစုစောင့်ရှောက်မှုများနှင့် ကူညီစောင့်ရှောက်မှုများကို ပြုလုပ်ပေးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။