Connect with us

Hi, what are you looking for?

LuduNwayOo

News

တက္ကသိုလ်ဝင်စာ​မေးပွဲ​ဖြေဆိုသူများအတွက် ဇိုမီးဖက်ဒရယ်အစည်းအရုံးက အချက် ၅ချက်ပါ​ ကြေညာချက်ထုတ်

ထို့အပြင်စာမေးပွဲဖြေဆိုသူများသည် ပြည်သူဆန္ဒကို ဆန့်ကျင်ပြီး ပြည်သူများအပေါ် သစ္စာဖောက်ဖျက်သူများ သတ်မှတ်ရမည်ဟုလည်းပါရှိသည်။ စာမေးပွဲအောင်မြင်ခဲ့ပါကလည်း လုံးဝအသိအမှတ်ပြုမည်မဟုတ်ပါဟုလည်းဆိုထားသည်။

●စစ်​ကောင်စီကအာဏာတည်ရှိ​ကြောင်း လိမ်လည်ပြသရန်ပြုလုပ်​သောစာ​မေးပွဲ​ဖြေဆိုသူများကို ပြည်သူ့အ​ပေါ်သစ္စ​ဖောက်သူများဟုသတ်မှတ်ပြီး စာ​မေးပွဲရလဒ်အသိအမှတ်မပြုဟု​ ကြေညာ

စစ်ကောင်စီမှ ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စစ်အာဏာရှင် အာဏာတည်ရှိကြောင်း လိမ်လည်ပြသရန်သာ ဆောင်ရွက်ခြင်းဖြစ်၍ စာမေးပွဲဖြေဆိုခြင်းကို ရပ်တန့်ရန် ဇိုမီးဖက်ဒရယ်အစည်းအရုံး က မတ် ၃၁ ရက်ညတွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသည် ၎င်းတို့အာဏာတည်ရှိကြောင်းပြသရန်သာဖြစ်ပြီး ပညာရေးကို ဦးတည်ဆောင်ရွက်ခြင်းမဟုတ်သောကြောင့် ယခုလိုတားမြစ်ရခြင်းဖြစ်သည်ဟု အချက် ၅ ချက်ပါ​သောထုတ်ပြန်ချက်တွင်​​ဖော်ပြထားသည်။

ထိုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က​ကြေ ညာထားသည့်အတိုင်း ဤစာမေးပွဲဖြေဆိုမှုကို အသိအမှတ်ပြုမည်မဟုတ်ဟုလည်းပါရှိသည်။ ထိုအပြင် တီးတိန်မြိုနယ်နှင့်တွန်းဇံမြိုနယ်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲကလည်း လုံးဝအသိအမှတ်ပြုမည်မဟုတ်ပါဟုလည်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင်စာမေးပွဲဖြေဆိုသူများသည် ပြည်သူဆန္ဒကို ဆန့်ကျင်ပြီး ပြည်သူများအပေါ် သစ္စာဖောက်ဖျက်သူများ သတ်မှတ်ရမည်ဟုလည်းပါရှိသည်။ စာမေးပွဲအောင်မြင်ခဲ့ပါကလည်း လုံးဝအသိအမှတ်ပြုမည်မဟုတ်ပါဟုလည်းဆိုထားသည်။

ယခုစာမေးပွဲဖြေဆိုများသည် ပြည်သူ့အုပ်ချုပ်ရေးခေတ်ရောက်ရှိချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခွင့်ပြုမည်မဟုတ်ဟုလည်းပါရှိသည်။

ထိုကြောင့် တီးတိန်နှင့်တွန်းဇံမြို့နယ်တို့ လက်ရှိစာမေးပွဲဖြေသူများ ရှေ့လာမည့်အခွင့်အရေးများ ဆုံးရှုံးမူမရှိစေရန် စာမေးပွဲဖြေဆိုမူကို ရပ်နားရန် ပြင်းထန်စွာ သတိပေးလိုက်သည်ဟုလည်း ဇိုမီးဖက်ဒရယ်အစည်းအရုံးကထုတ်ပြန်ထားသည်။ လိုအပ်ပါ စာမေးပွဲဖြေဆိုသူများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ကြေညာသွားမည်ဟုလည်း ​​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။