●စစ်ကောင်စီကအာဏာတည်ရှိကြောင်း လိမ်လည်ပြသရန်ပြုလုပ်သောစာမေးပွဲဖြေဆိုသူများကို ပြည်သူ့အပေါ်သစ္စဖောက်သူများဟုသတ်မှတ်ပြီး စာမေးပွဲရလဒ်အသိအမှတ်မပြုဟု ကြေညာ
စစ်ကောင်စီမှ ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စစ်အာဏာရှင် အာဏာတည်ရှိကြောင်း လိမ်လည်ပြသရန်သာ ဆောင်ရွက်ခြင်းဖြစ်၍ စာမေးပွဲဖြေဆိုခြင်းကို ရပ်တန့်ရန် ဇိုမီးဖက်ဒရယ်အစည်းအရုံး က မတ် ၃၁ ရက်ညတွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီသည် ၎င်းတို့အာဏာတည်ရှိကြောင်းပြသရန်သာဖြစ်ပြီး ပညာရေးကို ဦးတည်ဆောင်ရွက်ခြင်းမဟုတ်သောကြောင့် ယခုလိုတားမြစ်ရခြင်းဖြစ်သည်ဟု အချက် ၅ ချက်ပါသောထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကကြေ ညာထားသည့်အတိုင်း ဤစာမေးပွဲဖြေဆိုမှုကို အသိအမှတ်ပြုမည်မဟုတ်ဟုလည်းပါရှိသည်။ ထိုအပြင် တီးတိန်မြိုနယ်နှင့်တွန်းဇံမြိုနယ်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲကလည်း လုံးဝအသိအမှတ်ပြုမည်မဟုတ်ပါဟုလည်းထုတ်ပြန်သည်။
ထို့အပြင်စာမေးပွဲဖြေဆိုသူများသည် ပြည်သူဆန္ဒကို ဆန့်ကျင်ပြီး ပြည်သူများအပေါ် သစ္စာဖောက်ဖျက်သူများ သတ်မှတ်ရမည်ဟုလည်းပါရှိသည်။ စာမေးပွဲအောင်မြင်ခဲ့ပါကလည်း လုံးဝအသိအမှတ်ပြုမည်မဟုတ်ပါဟုလည်းဆိုထားသည်။
ယခုစာမေးပွဲဖြေဆိုများသည် ပြည်သူ့အုပ်ချုပ်ရေးခေတ်ရောက်ရှိချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခွင့်ပြုမည်မဟုတ်ဟုလည်းပါရှိသည်။
ထိုကြောင့် တီးတိန်နှင့်တွန်းဇံမြို့နယ်တို့ လက်ရှိစာမေးပွဲဖြေသူများ ရှေ့လာမည့်အခွင့်အရေးများ ဆုံးရှုံးမူမရှိစေရန် စာမေးပွဲဖြေဆိုမူကို ရပ်နားရန် ပြင်းထန်စွာ သတိပေးလိုက်သည်ဟုလည်း ဇိုမီးဖက်ဒရယ်အစည်းအရုံးကထုတ်ပြန်ထားသည်။ လိုအပ်ပါ စာမေးပွဲဖြေဆိုသူများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ကြေညာသွားမည်ဟုလည်း ဖော်ပြထားသည်။
