Connect with us

Hi, what are you looking for?

News

တက္ကသိုလ်ဝင်စာ​မေးပွဲ​ဖြေဆိုသူများအတွက် ဇိုမီးဖက်ဒရယ်အစည်းအရုံးက အချက် ၅ချက်ပါ​ ကြေညာချက်ထုတ်

ထို့အပြင်စာမေးပွဲဖြေဆိုသူများသည် ပြည်သူဆန္ဒကို ဆန့်ကျင်ပြီး ပြည်သူများအပေါ် သစ္စာဖောက်ဖျက်သူများ သတ်မှတ်ရမည်ဟုလည်းပါရှိသည်။ စာမေးပွဲအောင်မြင်ခဲ့ပါကလည်း လုံးဝအသိအမှတ်ပြုမည်မဟုတ်ပါဟုလည်းဆိုထားသည်။

●စစ်​ကောင်စီကအာဏာတည်ရှိ​ကြောင်း လိမ်လည်ပြသရန်ပြုလုပ်​သောစာ​မေးပွဲ​ဖြေဆိုသူများကို ပြည်သူ့အ​ပေါ်သစ္စ​ဖောက်သူများဟုသတ်မှတ်ပြီး စာ​မေးပွဲရလဒ်အသိအမှတ်မပြုဟု​ ကြေညာ

စစ်ကောင်စီမှ ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စစ်အာဏာရှင် အာဏာတည်ရှိကြောင်း လိမ်လည်ပြသရန်သာ ဆောင်ရွက်ခြင်းဖြစ်၍ စာမေးပွဲဖြေဆိုခြင်းကို ရပ်တန့်ရန် ဇိုမီးဖက်ဒရယ်အစည်းအရုံး က မတ် ၃၁ ရက်ညတွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသည် ၎င်းတို့အာဏာတည်ရှိကြောင်းပြသရန်သာဖြစ်ပြီး ပညာရေးကို ဦးတည်ဆောင်ရွက်ခြင်းမဟုတ်သောကြောင့် ယခုလိုတားမြစ်ရခြင်းဖြစ်သည်ဟု အချက် ၅ ချက်ပါ​သောထုတ်ပြန်ချက်တွင်​​ဖော်ပြထားသည်။

ထိုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က​ကြေ ညာထားသည့်အတိုင်း ဤစာမေးပွဲဖြေဆိုမှုကို အသိအမှတ်ပြုမည်မဟုတ်ဟုလည်းပါရှိသည်။ ထိုအပြင် တီးတိန်မြိုနယ်နှင့်တွန်းဇံမြိုနယ်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲကလည်း လုံးဝအသိအမှတ်ပြုမည်မဟုတ်ပါဟုလည်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင်စာမေးပွဲဖြေဆိုသူများသည် ပြည်သူဆန္ဒကို ဆန့်ကျင်ပြီး ပြည်သူများအပေါ် သစ္စာဖောက်ဖျက်သူများ သတ်မှတ်ရမည်ဟုလည်းပါရှိသည်။ စာမေးပွဲအောင်မြင်ခဲ့ပါကလည်း လုံးဝအသိအမှတ်ပြုမည်မဟုတ်ပါဟုလည်းဆိုထားသည်။

ယခုစာမေးပွဲဖြေဆိုများသည် ပြည်သူ့အုပ်ချုပ်ရေးခေတ်ရောက်ရှိချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခွင့်ပြုမည်မဟုတ်ဟုလည်းပါရှိသည်။

ထိုကြောင့် တီးတိန်နှင့်တွန်းဇံမြို့နယ်တို့ လက်ရှိစာမေးပွဲဖြေသူများ ရှေ့လာမည့်အခွင့်အရေးများ ဆုံးရှုံးမူမရှိစေရန် စာမေးပွဲဖြေဆိုမူကို ရပ်နားရန် ပြင်းထန်စွာ သတိပေးလိုက်သည်ဟုလည်း ဇိုမီးဖက်ဒရယ်အစည်းအရုံးကထုတ်ပြန်ထားသည်။ လိုအပ်ပါ စာမေးပွဲဖြေဆိုသူများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ကြေညာသွားမည်ဟုလည်း ​​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။