Connect with us

Hi, what are you looking for?

News

ကုလအထူးကိုယ်စားလှယ်နှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ပူးပေါင်းကြိုးပမ်းရန် ဆွေးနွေး

အာဆီယံအထူးကိုယ်စားလှယ်သည် လာမည့် မေလအစောပိုင်းတွင် မြန်မာပြည်၌ လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး အစီအစဥ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ ယမန်နေ့က ​တွေ့ဆုံကာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ပူးပေါင်းကြိုးပမ်းရန်ဆွေးနွေးခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြ သည်။

အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီးက မတ်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့်ခရီးစဥ်နှင့်ပတ်သက်၍ ကုလအထူးကိုယ်စားလှယ်ကို ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

အာဆီယံအထူးကိုယ်စားလှယ်သည် လာမည့် မေလအစောပိုင်းတွင် မြန်မာပြည်၌ လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး အစီအစဥ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာစစ်တပ်၏ စစ်ဆင်ရေးများကြောင့် ပြည်သူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂနှင့် အာဆီယံသည် သံတမန်နည်းလမ်းဖြင့် မြန်မာ့အကျပ်အတည်းကို အဖြေရှာရန် ကြိုးပမ်းခဲ့သော် လည်း ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုသည် အနည်းငယ်သာရှိသည်။

ကုလသမဂ္ဂသည် ဗီတိုပိုင်ဆိုင်သော မြန်မာစစ်တပ်၏ မဟာမိတ် တရုတ်နှင့် ရုရှားတို့ကြောင့် စစ်ဗိုလ်ချုပ်ကြီးများကို ထိရောက်စွာစုပေါင်းအရေးယူရန် မစွမ်းသာဖြစ်နေသည်။

အာဆီယံ၏ ကြိုးပမ်းမှုမှာ စစ်ကောင်စီကို အွန်လိုင်းမှ အစည်းအဝေးတက်ရောက်ခွင့် မပေးခြင်းသာ ရှိသည်။

အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူများအကြား ဆွေးနွေးအဖြေရှာရေး စသည့် အချက်များပါဝင်သည့် အာဆီယံ၏ ဘုံဆုံးဖြတ် ၅ ရပ်ကို ချမှတ်သည်မှာ တစ်နှစ်နီးပါးရှိလာသည့်တိုင် ထိရောက်သောတိုးတက်မှု မရှိသေးပေ။

မကြာသေးခင်က မြန်မာသို့ လာရောက်ခဲ့သော အာဆီယံအထူးကိုယ်စားလှယ်သည် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်၊ ၎င်း၏ လက်အောက်ခံ ဝန်ကြီးများ၊ နိုင်ငံရေးပါတီအချို့တို့နှင့်သာ ထိတွေ့ဆက်ဆံခဲ့သည်။

ပြည်သူလူထုရွေးကောက်ခံအများစုဖြင့် စုဖွဲ့ထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိမှုအပေါ် NUG က စိတ်ပျက်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook