Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံကိုဖြတ်ကာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်လမ်းကြောင်းကို တရုတ်တို့စတင်

တရုတ်ဟာ ကမ္ဘာအရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ကုန်လမ်းအပြင် ရေလမ်းပါအသုံးပြုပြီး ခေတ်သစ် ပိုးလမ်းမ လို့ဆိုတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကြီး တစ်ခုကို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေအကျပ်တွေ့နေချိန် တရုတ်ဟာ မြန်မာ နိုင်ငံကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေး လမ်းကြောင်းသစ်ကို စတင်လိုက်ပါပြီ။

ရန်ကုန်မြို့က တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ မနေ့က ဧပြီလ ၂ ရက်မှာ တရုတ် − မြန်မာ အိန္ဒိယ သမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်း ကိုအသုံးပြုတဲ့ ကုန်ရထားဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်း မြို့ ကနေ စတင်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။

ချုံချင်းကနေ ထွက်လာတဲ့ရထားဟာ ယူနန်ပြည်နယ် ကတဆင့် လာအိုကိုဖြတ်မှာဖြစ်ပြီး လာအိုမှာတော့ ကုန်တွေကို ကား နဲ့ပြောင်းသယ်ပြီး ထိုင်းကနေ ရန်ကုန် ကိုရောက်လာမှာပါ။

ဒီလမ်းကြောင်းဟာ တရုတ်နိုင်ငံရဲ့ ခေတ်သစ် ပိုးလမ်းမစီမံကိန်း အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်အဖြစ် မြန်မာနိုင်ငံကိုဖြတ်သန်းသွားမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ ကမ္ဘာအရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ကုန်လမ်းအပြင် ရေလမ်းပါအသုံးပြုပြီး ခေတ်သစ် ပိုးလမ်းမ လို့ဆိုတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကြီး တစ်ခုကို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။

အဲဒီပိုးလမ်းမ စီမံကိန်းမှာ မြန်မာနိုင်ငံဟာလည်းအစိတ်အပိုင်းတစ်ခုအဖြစ် ပါနေတာပါ။

ဒါအပြင် အင်ဒိုပစိတ်ဖိတ်ဒေသမှာ ပထဝီနိုင်ငံရေးအရ အမေရိကန်နဲ့ ရေကြောင်းလှုပ်ရှားမှု အင်အား ချိန်ခွင်လျှာညှိနိုင်ဖို့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရေးမှာ လည်း မြန်မာက တရုတ်အတွက် အရေးပါနေပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို တရုတ်ကို ခေါ်ပြီး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပြောခဲ့တာရှိပါတယ်။

ပိုးလမ်းမစီမံကိန်းရဲ့အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ၊ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ရခိုင်ပြည်နယ်ကျောက်ဖြူအထိပေါက်မယ့်ရထားလမ်း ပါဝင်မှာဖြစ်သလို အိန္ဒိယသမုဒ္ဒရာကိုဝင်ထွက်နိုင်မယ့် မဟာဗျုဟာမြောက်အရေးပါလာမယ့် ကျောက်ဖြူရေနက်စီမံကိန်းလည်းပါဝင်ပါတယ်။

အဲဒီ ကုန်သွယ်ရေးစင်္ကြန်ကိုသုံးကာ တရုတ်ဟာ ယူနန်ကနေ မန္တလေး − ရန်ကုန် မှတဆင့် ရခိုင် ကျောက်ဖြူ ဆိပ်ကမ်း ကို သုံးပြီး အိန္ဒိယသမုဒ္ဒရာကိုထွက်မှာဖြစ်ပါတယ်။

လတ်တလောကျောက်ဖြူအထိ ရထားလမ်းမဖောက်နိုင်သေးတဲ့အချိန်မှာ အိန္ဒိယ သမုဒ္ဒရာကိုထွက်ဖို့ ရန်ကုန်ဆိပ်ကမ်းကိုအသုံးပြုနေတာပါ။

ဒီစီးပွားရေးစင်္ကြန်ဟာ ပင်လယ်ထွက်ပေါက်မရှိတဲ့ တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသတွေစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသတွေအတွက် လိုအပ်တဲ့ကုန်စည် ကွန်တိန်နာတွေ ရန်ကုန်ဆိပ်ကမ်းကိုရောက်လာတဲ့အခာ ရန်ကုန် −မန္တလေး ကနေ ယူနယ်ပြည်နယ်ထဲက လင်ချန်းကို သယ်ယူမှာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းကတော့ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဒေသတွေအတွက် တတိယ နိုင်ငံက ပို့ဆောင်လိုက်တဲ့ ကုန်စည်တွေကို ရန်ကုန်ဆိပ်ကမ်းကဆင့် ချန်တူးမြို့ကို တရုတ် − မြန်မာ အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းကို သုံးပြီး တရုတ်ဘက်က ပို့ဆောင်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။