Connect with us

Hi, what are you looking for?

News

ဆော-​ကျောက်ထုလမ်းပိုင်း အသုံးပြုရမည့်အချိန်များ အသိ​ပေး

“ညဘက်တွေ ဘယ်ကမှန်းမသိတဲ့ သူစိမ်းတွေ ဝင်ထွက်နေတာကြောင့်မလို့ ပါ”ဟု အထက်ပါတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

မကွေးတိုင်းအတွင်း ခရီးသွားပြည်သူများအ​နေဖြင့် ဆော – ကျောက်ထုလမ်းပိုင်းကို အသုံးပြုရမည့် ကန့်သတ်ချက် အချိန်များကို The Youth Force -Saw & Kyaukhtuက ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၄ရက်)ကစ၍ ခရီးသွားပြည်သူများ၏ လုံခြုံ ရေးအခြေအနေများအရ ဆော – ကျောက်ထုလမ်းပိုင်းအား ည၇နာရီမှ နံနက် ၆နာရီအတွင်း သွားလာခြင်းမပြုရန် အသိပေးထားသည်။

“ညဘက်တွေ ဘယ်ကမှန်းမသိတဲ့ သူစိမ်းတွေ ဝင်ထွက်နေတာကြောင့်မလို့ ပါ”ဟု အထက်ပါတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အရေးပေါ်ကိစ္စဖြင့်ခရီးသွားလိုပါက သက်ဆိုင်ရာ ဒေသ ခံကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်အကြောင်းကြားပေးရန်လည်း The Youth Force -Saw & Kyaukhtu သတိပေးသည်။

Public Service Announcement

Public Service Announcement

ယောဒေသ(ဆော၊ကျောက်ထု၊လောင်းရှည်၊ဂန့်ဂေါ၊ထီးလင်း)မြို့နယ်များအနက် လက်ရှိတွင် ဂန့်ဂေါ-ထီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ် ကြောင်းထိုးလျှက်ရှိနေသည်။

ထို့ကြောင့် ဂန့်ဂေါ-ထီးလင်းလမ်း သွားလာခြင်းမပြုရန်လည်း PDF-GanGaw သတ်ိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာ ရောက်လာလို့ ဒေသခံ ၅၀၀၀နီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။