Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆော-​ကျောက်ထုလမ်းပိုင်း အသုံးပြုရမည့်အချိန်များ အသိ​ပေး

“ညဘက်တွေ ဘယ်ကမှန်းမသိတဲ့ သူစိမ်းတွေ ဝင်ထွက်နေတာကြောင့်မလို့ ပါ”ဟု အထက်ပါတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

မကွေးတိုင်းအတွင်း ခရီးသွားပြည်သူများအ​နေဖြင့် ဆော – ကျောက်ထုလမ်းပိုင်းကို အသုံးပြုရမည့် ကန့်သတ်ချက် အချိန်များကို The Youth Force -Saw & Kyaukhtuက ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၄ရက်)ကစ၍ ခရီးသွားပြည်သူများ၏ လုံခြုံ ရေးအခြေအနေများအရ ဆော – ကျောက်ထုလမ်းပိုင်းအား ည၇နာရီမှ နံနက် ၆နာရီအတွင်း သွားလာခြင်းမပြုရန် အသိပေးထားသည်။

“ညဘက်တွေ ဘယ်ကမှန်းမသိတဲ့ သူစိမ်းတွေ ဝင်ထွက်နေတာကြောင့်မလို့ ပါ”ဟု အထက်ပါတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အရေးပေါ်ကိစ္စဖြင့်ခရီးသွားလိုပါက သက်ဆိုင်ရာ ဒေသ ခံကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်အကြောင်းကြားပေးရန်လည်း The Youth Force -Saw & Kyaukhtu သတိပေးသည်။

Public Service Announcement

Public Service Announcement

ယောဒေသ(ဆော၊ကျောက်ထု၊လောင်းရှည်၊ဂန့်ဂေါ၊ထီးလင်း)မြို့နယ်များအနက် လက်ရှိတွင် ဂန့်ဂေါ-ထီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ် ကြောင်းထိုးလျှက်ရှိနေသည်။

ထို့ကြောင့် ဂန့်ဂေါ-ထီးလင်းလမ်း သွားလာခြင်းမပြုရန်လည်း PDF-GanGaw သတ်ိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယမန်နေ့ ညပိုင်းက မင်းတပ်မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ယနေ့နံနက်တွင်လည်း ဆောမြို့နယ် ကျောက်ထုမြို့ဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှု ရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်းရောက်ရှိနေသော အခြားဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများနှင့်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

သတင်း

မကွေးတိုင်း ဆိပ်ဖြူ မှလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း၊ ယာဉ်တန်းသည် ဇူလိုင်လလယ်တွင် ဆောမြို့နယ်မှ ကျင်ဒွေးသို့ သွားရောက်ရာ လမ်းခရီး၌ ဒေသခံ CDFနှင့် PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။

သတင်း

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းတွင် ဆောမြို့နယ်တွင်းရောက်ရှိလာသည့် ရန်သူ့စစ်ကြောင်းကို PDFနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။