Connect with us

Hi, what are you looking for?

News

ဘန့်​ဘွေးရွာ တပ်စခန်းဝင်​ရောက်စီးနင်းတိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား ကိုးဦး​သေ၊ ၁၅ဦးဒဏ်ရာရဟု ဗိုလ်နဂါး​ပြော

“အရေးသာသော်လည်း အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ)လေတပ်စခန်းနှင့် (၇)မိုင်သာဝေးသည့်အတွက် မိနစ်၃၀ပြည့်ချိန်မှာ အောင်မြင်စွာဆုတ်ခွာလာခဲ့ပါတယ်”ဟု ဗိုလ်နဂါးက ရှင်းပြသည်။

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအတွင်းပိုင်းထိ ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ဦးဆောင်သူ ဗိုလ်နဂါးက ပြောသည်။

ယနေ့(ဧပြီ ၅ရက်) နံနက် ၄နာရီခွဲတွင် MRDA မှ ဦးဆောင်ကာ ချင်းတွင်းတော်လှန်ရေးတပ်ဖွဲ့ (CRF)၊ ကျောက်လုံးကြီးအဖွဲ့ (KLG)တို့၏ ပူပေါင်းပါဝင်မှုဖြင့် မိနစ်၃၀ မစ်ရှင်သတ်မှတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“အရေးသာသော်လည်း အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ)လေတပ်စခန်းနှင့် (၇)မိုင်သာဝေးသည့်အတွက် မိနစ်၃၀ပြည့်ချိန်မှာ အောင်မြင်စွာဆုတ်ခွာလာခဲ့ပါတယ်”ဟု ဗိုလ်နဂါးက ရှင်းပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကာ ၁၅ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ၎င်းက ဆက်လက် ပြောသည်။

Public Service Announcement

Public Service Announcement

ယခုနှစ်အတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်ဖွဲ့မှဦးဆောင်၍ ယခုကဲ့သို့ စခန်းထိုးစစ်များ ငါးကြိမ်ခန့်၊ စစ်ကြောင်းတန်ပြန်ပျောက်ကြားထိုးစစ်များ ခုနှစ်ကြိမ်ခန့်နှင့် မိုင်းဆွဲတိုက်ခိုက်မှု ရှစ်ကြိမ်အထက် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း MRDက ဆိုသည်။

ထို့အပြင် မကြာသေးမီက ပြည်သူ့ဆိုင်ကယ်အား လုယူလာသည့် စစ်ကောင်စီ တပ်သား တစ်ဦးအားလက်နက်မဲ့ဝင်ရောက်လုံးထွေးသတ်ပုတ်ဖမ်းဆီးပြီး ဒေသခံ ယင်းမာပင်ခရိုင်(ပကဖ)ထံ အပ်နှံခဲ့သည်မှာလည်း (MRDA) ၏ နဂါးစစ်သည်တော် တစ်ဦးပင်ဖြစ်ကြောင်း ဗိုလ်နဂါးက အသိပေးသည်။

၎င်းဖြစ်စဉ်၏ ရလဒ်အဖြစ် ဖမ်းမိလာသောစစ်ကောင်စီတပ်သား၏ ဝန်ခံဖော်ထုတ်လာသော စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မြောက်သည့် ပြည်သူ့အပေါ် ယုတ်မာညစ်းညမ်းသည့်ဖြစ်စဉ်များ သတ်ဖြတ်မှုများကို ချပြနိုင်ခဲ့ကြောင်းလည်း MRDA က ထုတ်ပြန်သည်။

ထို့အပြင် မြန်မာပြည်အောက်ပိုင်းနှင့် အလယ်ပိုင်းနေရာ အများစုတွင်လည်း မြန်မာ့တော်ဝင်နဂါးစစ်သည်တော်များအနေဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များအား ကြိုးစားဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ