Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘန့်​ဘွေးရွာ တပ်စခန်းဝင်​ရောက်စီးနင်းတိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား ကိုးဦး​သေ၊ ၁၅ဦးဒဏ်ရာရဟု ဗိုလ်နဂါး​ပြော

“အရေးသာသော်လည်း အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ)လေတပ်စခန်းနှင့် (၇)မိုင်သာဝေးသည့်အတွက် မိနစ်၃၀ပြည့်ချိန်မှာ အောင်မြင်စွာဆုတ်ခွာလာခဲ့ပါတယ်”ဟု ဗိုလ်နဂါးက ရှင်းပြသည်။

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအတွင်းပိုင်းထိ ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ဦးဆောင်သူ ဗိုလ်နဂါးက ပြောသည်။

ယနေ့(ဧပြီ ၅ရက်) နံနက် ၄နာရီခွဲတွင် MRDA မှ ဦးဆောင်ကာ ချင်းတွင်းတော်လှန်ရေးတပ်ဖွဲ့ (CRF)၊ ကျောက်လုံးကြီးအဖွဲ့ (KLG)တို့၏ ပူပေါင်းပါဝင်မှုဖြင့် မိနစ်၃၀ မစ်ရှင်သတ်မှတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“အရေးသာသော်လည်း အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ)လေတပ်စခန်းနှင့် (၇)မိုင်သာဝေးသည့်အတွက် မိနစ်၃၀ပြည့်ချိန်မှာ အောင်မြင်စွာဆုတ်ခွာလာခဲ့ပါတယ်”ဟု ဗိုလ်နဂါးက ရှင်းပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကာ ၁၅ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ၎င်းက ဆက်လက် ပြောသည်။

Public Service Announcement

Public Service Announcement

ယခုနှစ်အတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်ဖွဲ့မှဦးဆောင်၍ ယခုကဲ့သို့ စခန်းထိုးစစ်များ ငါးကြိမ်ခန့်၊ စစ်ကြောင်းတန်ပြန်ပျောက်ကြားထိုးစစ်များ ခုနှစ်ကြိမ်ခန့်နှင့် မိုင်းဆွဲတိုက်ခိုက်မှု ရှစ်ကြိမ်အထက် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း MRDက ဆိုသည်။

ထို့အပြင် မကြာသေးမီက ပြည်သူ့ဆိုင်ကယ်အား လုယူလာသည့် စစ်ကောင်စီ တပ်သား တစ်ဦးအားလက်နက်မဲ့ဝင်ရောက်လုံးထွေးသတ်ပုတ်ဖမ်းဆီးပြီး ဒေသခံ ယင်းမာပင်ခရိုင်(ပကဖ)ထံ အပ်နှံခဲ့သည်မှာလည်း (MRDA) ၏ နဂါးစစ်သည်တော် တစ်ဦးပင်ဖြစ်ကြောင်း ဗိုလ်နဂါးက အသိပေးသည်။

၎င်းဖြစ်စဉ်၏ ရလဒ်အဖြစ် ဖမ်းမိလာသောစစ်ကောင်စီတပ်သား၏ ဝန်ခံဖော်ထုတ်လာသော စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မြောက်သည့် ပြည်သူ့အပေါ် ယုတ်မာညစ်းညမ်းသည့်ဖြစ်စဉ်များ သတ်ဖြတ်မှုများကို ချပြနိုင်ခဲ့ကြောင်းလည်း MRDA က ထုတ်ပြန်သည်။

ထို့အပြင် မြန်မာပြည်အောက်ပိုင်းနှင့် အလယ်ပိုင်းနေရာ အများစုတွင်လည်း မြန်မာ့တော်ဝင်နဂါးစစ်သည်တော်များအနေဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များအား ကြိုးစားဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။