Connect with us

Hi, what are you looking for?

News

အာဏာရှင်ပြုတ်ကျရေးဆောင်ရွက်နေသည့် ကာလဖြစ်၍ ယခုနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ်သတ်မှတ်​ကြောင်း တနင်္သာရီမြို့နယ်(ပအဖ) ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီသည် လူထုမှ ထောက်ခံသယောင် အင်အင်းပြသလိုသဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပရန် ဖိအားပေးဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆို သည်။

အာဏာရှင်ပြုတ်ကျရေး ဆောင်ရွက်နေသည့် ကာလဖြစ်၍ ယခုနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ်သတ်မှတ်ကြရန်နှင့် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များအနီးသို့ မသွားကြရန် တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၅ရက် (ယနေ့) ထုတ်ပြန်လိုက်သည်။

တော်လှန်ရေးကာလတွင်း ထိခိုက်ကျဆုံးခဲ့သည့် ပြည်သူများ၊ တော်လှန်ရေးအတွက် စွန့်စားနေသည့် တော်လှန်ရေးအင်အားစုများနှင့် စစ်ဘေးရှောင်ပြည်သူများ၏ အခက်အခဲကို စာနာထောက်ထားသော အားဖြင့် ယခုလို့ တော်လှန်သင်္ကြန်အဖြစ်သတ်မှတ်လိုက်နာပေးရန်တောင်းဆိုခြင်းဖြစ်သည်ဟု ထုတ်ပြန်ဘသည်။

အာဏာသိမ်းစစ်ကောင်စီသည် လူထုမှ ထောက်ခံသယောင် အင်အင်းပြသလိုသဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပရန် ဖိအားပေးဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆို သည်။

“သူများတွေ ဒုက္ခရောက်နေချိန်မှာ ပျော်နေတဲ့တာ ဘယ်လိုမှ အဆင်မပြေပါဘူး၊ ကိုယ်ချင်းစာတရာခေါင်းပါးရာရောက်ပါတယ်။ ဒီနှစ်သင်္ကြန်တော့ ခဏသီးခံဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု တနင်္သာရီတိုင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီသည် တော်လှန်ရေးအပေါ်လူထုစိတ်ဝင်စားမှုလျော့ကျစေရန်နှင့် ၎င်းတို့ ထိန်းချုပ်မူအောက်တွင် ပြည်သူအေးချမ်းစွာနေထိုင်နေသည်ဟု ပြသရန် သင်္ကြန်ပွဲတော်ကျင်းပရန် ကြံစည်နေခြင်းကြောင့် ပါဝင်ဆင်နွှဲခြင်းမပြုရန် တော်လှန်ရေးအင်အားစုအသီးသီးက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

Facebook